Chapter - 12

1.3K 306 10
                                    

Unicode Version

ဖုတင်းမှာ အရင်တစ်ခေါက်က ဖုကျန်းနှင့်တွေ့ခဲ့သည့်အချိန်ကိုသတိရ‌နေသေးသည်ဖြစ်ရာ အမှန်အတိုင်းဆိုရလျှင်သူသည် ဖုကျန်းအားမည်သည့်အကြောင်းပြချက်နှင့်မှပြန်မတွေ့လိုပေ။ သို့ရာတွင်ယခုမူ ထန်ဝမ်ဝမ်ကိုယ်တိုင်ကတောင်းဆိုနေလေရာ ဖုတင်းတစ်ယောက်တစ်ညလုံးနီးပါးစဉ်းစားပြီးနောက်မှ ဤကိစ္စအားသူ၏အတွင်းရေးမှူးဖြစ်သူအား လွှဲပေးလိုက်ရန်ဆုံးဖြတ်လိုက်လေတော့သည်။

အတွင်းရေးမှူးဖြစ်သူမှာ ဖုတင်းက ဖုကျန်းကိုရှာနေသည်ဟူသည်ကိုကြားသောအခါ တစ်ခဏမျှအံ့ဩသွားလေသည်... အကယ်၍ဖုတင်းကသာ ရုတ်တရက် ဤကိစ္စမပြောခဲ့လျှင် ဖုမိသားစုထဲ၌ ထိုသခင်လေးရှိခဲ့ဖူးသည်ကိုပင်မေ့နေပြီဖြစ်သည်။ ‌ထို့အပြင်သူ၏သူဌေးဖြစ်သူကအဘယ်ကြောင့်ထိုသူအားရှာနေသည်ကိုမသိရပေ... အတိတ်ကဖြစ်ခဲ့သည်များအတွက် နောင်တရ၍လည်းဖြစ်နိုင်ပေသည်။

အတွင်းရေးမှူးက ပြင်ပမှစုံထောက်တစ်ယောက်ကိုရှာပြီး ဤကိစ္စကိုသူ့အားပြန်လွှဲလိုက်သည်။ ၂ရက်အတွင်းတွင် ထိုသူကအကြောင်းပြန်လာလေသည်... ထိုစုံထောက်ဘက်မှပို့လာသော ဓာတ်ပုံများကိုကြည့်ကာ အတွင်းရေးမှူးမှာ သက်ပြင်းတိတ်တိတ်သာချနိုင်တော့လေသည်။ ဟိုအရင်အချိန်ကသူလုံးဝမထင်မှတ်ထားခဲ့သော.. ပျော်ရွှင်စွာနေ‌တတ်လေသောသခင်လေးက ယခုတွင်မူဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်အလုပ်လုပ်နေသည်တဲ့..။

အတွင်းရေးမှူးက ဓာတ်ပုံများနှင့် လိပ်စာကိုဖုတင်းအားပို့ပေးလိုက်သည်.. ထိုဓာတ်ပုံများကို ရရှိချိန်တွင် ဖုတင်းမှာ အစည်းအဝေးလုပ်နေတုန်းအချိန်ဖြစ်၏။

ကုမ္ပဏီ၏ အမျိုးမျိုးသောဌာနများမှ မန်နေဂျာများအားလုံးမှာ သူတို့သူဌေး သူကဖုန်းအားငုံ့ကြည့်‌ပြီးနောက် မျက်နှာတစ်ခုလုံးမှသွေးများ တစ်ခဏအတွင်းပျောက်ကွယ်ကုန်သည်ကို မြင်လိုက်ကြရလေသည်။

မည်သို့ဆိုစေကာမူ ဖုတင်းကိုယ်တိုင်က သူ၏မျက်နှာမည်မျှလောက်ဖြူဆုတ်သွားသည်ကို သတိထားမိပုံမရချေ။ သူ၏ဖုန်းကိုပြန်ချလိုက်ပြီးနောက် ခေါင်းပြန်မော့လာပြီး စကားပြောလက်စဖြစ်သော မန်နေဂျာဝမ်အား လေးနက်တည်ကြည်သောအသံဖြင့်ပြောလိုက်သည်။

I Woke Up And Was Pregnant (MMtrans)Where stories live. Discover now