”နောက်ထပ် ဆယ့်ရှစ်မိနစ်ပဲအချိန်ရတယ် လက်စသတ်တော့”
ပွဲထဲကနေ ထွက်လာပြီး အိမ်သာထဲလာထိုင်ငိုနေတဲ့ CEO Taehyung ကြောင့်မျက်ခုံးနှစ်ခုကိုလက်မနဲ့ဖိထားမိ၏။
”နားငြီးတယ် ဆယ့်ရှစ်မိနစ်ကို ငါဝအောင်ငိုမယ်..”
အခန်းဝရပ်စောင့်နေရတဲ့ ကျွန်တော့်အဖို့ခေါင်းခါလိုက်ရသည်။
သိပ်မကြာလိုက် နှာတရှုံ့ရှုံ့နဲ့ ထွက်လာတဲ့ CEO က မျက်နှာတစ်ခုလုံးတည်ငြိမ်လျက် စောနကအော်ငိုခဲ့တာ သူမဟုတ်သလိုမျိုး။Ph နှင့် ပိုက်ဆံအိတ်ကို ကျွန်တော့်ဆီမှယူပြီး နက်ခ်ကတိုင်ကိုအနည်းငယ်ပြင်ကာ ပါတီထဲပြန်လည်ဝင်ရောက်ခဲ့သည်။
*CEO Kim Taehyung နှင့် လက်ရွေးစင်ဘောလုံးသမား __ လမ်းခွဲပြတ်စဲခြင်း*
မျက်စိရှေ့က တီဗီအားချက်ချင်းပိတ်လိုက်၏။
”ဒီသတင်းတွေကြည့်ပြီးဘာလုပ်ဖို့လဲ အဲ့ဘောလုံးကောင်က နည်းနည်းတောင်စိတ်ကောက်လို့မရဘူး ”
”ပိတ်ရက်ထဲမှာ Schdeule လွတ်နေတယ် မိဘတွေကလာခဲ့စေချင်ပုံရတာကြောင့် စီစဉ်ထားလိုက်မယ်”
”မအားဘူး မင်းကြည့်ပြောလိုက် ”
”ဒီတစ်ခါမရပါဘူး ”
ဖျော်ရည်ခွက်အား ကိုင်ထားတဲ့လက်သွယ်သွယ်တို့သည် ဟိုဒီဆော့ကစားနေရင်း
”အတွင်းရေးမှုး Jeon Jungkook ငါကအဲ့ပုံစံစကားပြောတာဘယ်လောက်တောင်ကြည့်မရလိုက်လဲ ”
Jeon Jungkook က ကျွန်တော့်အတွင်းရေးမှုး။ ကျွန်တော်ရှာခန့်ထားတာမဟုတ်ဘဲ ကျွန်တော်သူငယ်ချင်းအရင်းကြီးရဲ့နေရာလွတ်ကိုဆက်ပြီးတာဝန်ထမ်းဆောင်နေတဲ့သဘောသာသာ။
Company ရဲ့ အဝင်ဝမှတဆင့်ကြားရတဲ့ ရူးဖိနပ်သံတဒေါက်ဒေါက်မှာ လျှောက်လာသူ၏ ယုံကြည်မှုကိုဖော်ပြနေသည်။
မကြာမကြာသတင်းထွက်လေ့ရှိသည့်ကျွန်တော့်အတွက် အာရုံစိုက်ဖွယ်အကြည့်တို့က ဂရုစိုက်စရာနည်းနည်းတောင်မရှိ။”Jungkook ငါ ဒါမသောက်ချင်ဘူး”
”ကျွန်တော် မအားပါဘူး”