တစ်နေ့လုံး အလုပ်လုပ်ရတာသက်သောင့်သက်သာရှိပြီးစိတ်ထဲရှင်းလင်းနေ၏။ Kelvin နဲ့ ကျွန်တော်အဆင်ပြေခဲ့ပြီမဟုတ်လား။စာတိုလေးတစ်ကြောင်းဝင်လာသည်။ဝင်လာတဲ့ စာတိုလေးက Kelvin ဆီမှဖြစ်၏။
”ညကျ Dinner အတူစားမယ် Taehyung ဒီညနေငါမလာတော့ဘူး မအားတာကြောင့် နားလည်မယ်မလား”
ပြင်ထားလိုက်မယ်ဆိုတာကလွဲ ထပ်မပို့ဖြစ်တော့။ကျွန်တော်ကနားလည်ကြည့်ရမှာမဟုတ်လား။ Kelvin က အလုပ်ကိုဘယ်လောက်ချစ်လိုက်လဲ ၊ဒါကလဲ ကျွန်တော်နဲ့ရှေ့ရေးလို့တဖွဖွပြောနေခဲ့တာ။
”Jungkook မင်းမနေ့ကမိုးမိသေးတာလား”
”မိုးရေထဲပြေးဆင်းသွားတာ ကျွန်တော်မို့လို့လား”
”ငါနဲ့ Kelvin အဆင်ပြေသွားပြီ သတင်းဘာညာမတွေ့ဘူးလား မိုးရေထဲကအနမ်းဆိုတာမျိုးဖြစ်ဖြစ် ငါ့ကိုStalk နေတဲ့သတင်းသမားတွေ သေကုန်ကြတာလား”
”မိုးကသေမလောက်ရွာနေတာ ဘယ်လူကမိုးရေထဲနေနိုင်မလဲ”
ဘောက်ဆတ်ဆတ်ပြောကာထွက်သွားတဲ့ Jeon Jungkook ကဘယ်လိုတောင်အချိုးမပြေလိုက်လဲ။
ချစ်သူအနေနဲ့ပထမဆုံး Dinner မျိုးက Kelvin နဲ့ဖြစ်၍ အတော်လေးစိတ်လှုပ်ရှားမိ၏။စားပွဲပေါ်သို့ တတောက်တောက်တီးခေါက်နေတဲ့လက်သွယ်သွယ်တို့မှာစိတ်လှုပ်ရှားမှုကိုဖော်ပြနေသည်။
Dinner ဆိုတဲ့အတိုင်း Classic သီချင်းသံငြိမ့်ငြိမ့်နဲ့ လူသူနည်းပါးတဲ့ အနေအထားတစ်ခုဖြစ်နေလေတာ။
”မင်းနဲ့ပထမဆုံးဒီလိုက အတော်ထူးဆန်းတယ်”
”ငါကတော့အမြဲလိုချင်နေခဲ့တာ Taehyung မင်းနဲ့ဒီလိုအခြေအနေကိုအမြဲပဲ”
”ငါသိချင်နေခဲ့တာ သုံးနှစ်လောက် ပြင်သစ်မှာနေပြီး တွဲတဲ့သူတစ်ယောက်တောင်မရှိခဲ့ဘူးလား ”
”မင်းအဲ့မေးခွန်းကိုငါကချစ်တယ်မပြောခင် မေးသင့်တာမဟုတ်ဘူးလား”
”အော..အော ယုံလိုက်မယ်”
နှစ်ယောက်သားအတူကားလျှောက်မောင်းကြသည်။
”မနေ့က Jungkook နဲ့ဘယ်သွားနေခဲ့တာလဲ”
”မင်းကိုစိတ်ကောက်ပြချင်ပြီးဟန်မြစ်သွားခဲ့တာ မိုးရွာတော့ပြန်လာတာမင်းကအဲ့လိုမျိုးစောင့်နေတယ် ငါစိတ်မကောင်းဖြစ်တာပေါ့”