Part - 7

7.3K 859 29
                                    

ကျွန်တော့်အမေးကိုပြန်ဖြေမလာတာက ဝန်ခံတဲ့သဘောလား။

”ကျွန်တော်က CEO လို့ပြောရင် Kelvinကိုထားခဲ့ပြီးလာမှာမို့လို့မေးနေတာလား”

”ဖြစ်စရာလား”

”အဲ့ဒါကိုဘာတွေလိုက်မေးနေလဲ ချယ်လင်းလိုပဲစပ်စုလာပြီ”

နှုတ်ခမ်းကစူသလိုလိုနဲ့ သူ့ကိုစပ်စုတယ်ပြောလို့မကြိုက်ပေမဲ့ ကျွန်တော့်ခေါင်းထိထားတာကြောင့် ရန်မတွေ့မိအောင်ထိန်းနေရတာသိသာလွန်းသည်။

”ငါပြန်ပြီ”

”တစ်ယောက်တည်း ကားလျှောက်မောင်းမနေနဲ့ဦး”

”ငါဟိုသေနာတွေကို ကားနဲ့ဝင်တိုက်ပစ်ချင်တာ”

”ကျွန်တော်လိုက်ပေးနိုင်တဲ့အခါမှ လုပ်စမ်းပါ”

ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြန်သွားသည်။

Mail ကိုစစ်ဆေးပြီး ပို့တဲ့သူကိုစုံစမ်းရဦးမည်။ ကျွန်တော်ကအတွင်းရေးမှုးမို့လို့ CEOရဲ့ Mail ကိုသုံးလို့ရနေတာ အခုက CEO ဆီကိုပို့လာတာ။
Mail ကိုတစ်ခါတစ်လေ စစ်တဲ့ CEO ကြောင့် ရင်ထဲပူပြင်း၏။ ဒါက အလိမ်အညာဆိုရင်တောင် အနည်းဆုံးတော့ကောင်းတာတွေဖြစ်မလာနိုင်။ လိမ်တာဆိုရင်ပေါ့။

Kelvin ကိုလေဆိပ်မှာကြိုဖို့ထွက်လာခဲ့၏။

”Taehyung ”

လက်လှမ်းပြနေတဲ့ Kelvin က မလှမ်းမကမ်းမှာရှိနေသည်။

”ငါအရမ်းကြာသွားလား လွမ်းနေတာ”

”ပြန်ရောက်ရောက်ချင်း Flirt နေတာပဲ”

”ငါတကယ်လွမ်းနေတာ”

မျက်နှာမကောင်းတဲ့ Kelvin ကြောင့်မေးခွန်းထုတ်လိုက်သည်။

”အလုပ်အဆင်မပြေဘူးလား”

”ပြေပါတယ် ငါဒီတိုင်း..”

Kelvin က ကျွန်တော့်ကိုဘာမဆိုပြောနေကျ။ အခုလိုအနေအထားကပိုသိသင့်တာမဟုတ်လား။

ပါးကိုခပ်ဖွဖွကိုင်လိုက်ပြီး
”ငါ့ကောင်လေးက ဘာတွေပင်ပန်းနေတာလဲ CEO Kim Taehyung က ဘာလုပ်ပေးရမလဲ”

Kelvin က ကျွန်တော့်လက်ပေါ်မှအုပ်မိုးကိုင်ပြီးပြုံးကြည့်နေသည်။ကျွန်တော်လဲအတူလိုက်ပြုံးနေမိတာ။

Blank Space (completed)Where stories live. Discover now