မင်းနားမှာနေမယ်ဆိုတဲ့စကားက ရင်ထဲကိုနွေးခနဲဖြစ်သွားရတာ။
Kelvin ရှိရင်ဆိုတဲ့အတွေးက အလိုချင်ဆုံးအရာကိုရတာထက်ပိုနေပြီ။”မင်းစကားမတည်ရင် နောက်တစ်ခါငါကနေရာချန်မထားဘူး”
”နေရာ?ငါကနေရာယူပြီးသားပဲ ချန်ထားတာဘယ်ဟုတ်မလဲ”
”အရူးလား”
”သောက်လာပုံပဲ ဟုတ်လား”
”နည်းနည်း”
သတိတရပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကားကိုမတွေ့ရတော့ပေ။
”Jungkook က ပြန်သွားတာလား ဘာမပြောညာမပြော”
”သူနေမကောင်းဘူးဆို ပြန်ပါစေ”
”နေမကောင်းဘူး?”
မျက်လုံးအပေါ်ကိုမျက်ဖြူလှန်သလိုလုပ်ပြီး တစ်ချက်ကြိတ်ရယ်လိုက်၏။ ကွန်ဒိုရဲ့ Passowrd က ကျွန်တော်နဲ့ Kelvin စတွေ့တုန်းကနေ့။ ဒါကိုပြုံးကာကြည့်နေလေသည်။
”ငါပြောင်းဖို့ မေ့နေတာ”
”ငါ့မွေးနေ့ပြောင်းမလား”
”မင်းမွေးနေ့ပြောင်းချင်ပေမဲ့ ငါကမှတ်ဥာဏ်အားနည်းတာမို့သိပ်မမှတ်မိဘူး”
”Taehyung မင်းနဲ့ငါပြန်တွေ့တာမိနစ်ပိုင်းပဲရှိသေးတယ် အကြမ်းပတမ်းတွေမဖြစ်ချင်ဘူး”
အပေါ် Suit ကိုချွတ်ရင်း လှစ်ခနဲပြုံးလိုက်တဲ့ Taehyungက မတွေ့ရတာကြာလို့ဆိုတာထက်ကို ပိုကြည့်ကောင်းသည်။
”မင်းငါ့ထက်ငယ်တယ်နော် မင်းရော၊ မင်းခန့်တဲ့အတွင်းရေးမှူးရောက ငါ့ကိုနည်းနည်းတောင်မယဉ်ကျေးဘူး”
ကိုလာဘူးကိုဖွင့်ကာ မျက်ခုံးနက်နက်တွန့်ချိုးသည်ထိ ပြုံးရင်း
”Jeon Jungkook ကမယဉ်ကျေးတာမဟုတ်ဘဲ ဘာမှစိတ်မဝင်စားတဲ့ကောင် အဲ့ဒါကြောင့်မင်းအနားမှာထားဖို့စိတ်ချတာ”
”အတွင်းရေးမှူးနဲ့ရန်ခဏခဏဖြစ်တဲ့ CEO ဘယ်မှာရှိလို့လဲ အခုမင်းရှိပြီဆိုတော့ သူ့ကိုမလိုတော့ဘူးမဟုတ်လား”
”ငါဘွဲ့ရလာပြီမို့လို့ဒီမှာအသုံးချရမှာပေါ့ မင်းနားမှာအတွင်းရေးမှုးအဖြစ်နေချင်တယ်ထင်နေတုန်းလား”