အမြန်ဆုံး Flight နဲ့ ပြင်သစ်ကိုရောက်လာခဲ့လေ၏။
Kelvinပြောတဲ့ဆေးရုံကိုရောက်တော့ ညွှန်ပြရာအထပ်ကိုတက်လာခဲ့သည်။ Kelvin ကခေါင်းငိုက်စိုက်နဲ့ထိုင်နေလေတာ။"Kelvin"
"Taehyung"
ကျွန်တော်အသာဖက်လိုက်တော့ တင်းတင်းကြပ်ကြပ်ပြန်ဖက်တွယ်လာသည်။ ကျောပြင်ကိုဖွဖွလေးပွတ်သပ်လိုက်၏။
"ဘယ်လိုဖြစ်တာလဲ"
"မွေးရင်းအားအရမ်းသုံးရပြီး နှလုံးရှော့ခ်ရသွားတာ၊ သူမမှာ နှလုံးအားနည်းတာရှိမှန်းတောင်ငါမသိခဲ့ဘူး၊ငါတုံးလိုက်တာ အခုဒီလိုပုံနဲ့"
Jungkook ကအမေးထုတ်လေ၏။
"ကလေးရော ကျန်းမာရဲ့လား"
"ငါ့သားလေးကို သူတို့ကပေးမကိုင်ဘူး၊ မငိုဘူး သားလေးက မငိုဘူး Jungkook"
"အဆင်ပြေမှာပါ"
ကျွန်တော်နဲ့ Jungkook ကဟိုတယ်ငှားပြီး Kelvin ရဲ့အနားအတူရှိနေပေးဖို့ဆုံးဖြတ်ကြသည်။
Claire ရဲ့ ဈာပနာအပြင်ကလေးအခြေအနေကြောင့် Kelvin ကတောင့်ခံထားပုံရပြီး မျက်လုံးတို့ကနီရဲနေတော့တာ။"Kelvin ကလုပ်နိုင်မှာပါ ကျွန်တော်တို့လဲရှိနေတာပဲ"
"ငါသူ့ကိုဒီလိုပုံစံပထမဆုံးတွေ့ဖူးတာ ငါရင်ထဲမကောင်းလိုက်တာ အထွေအထူးဘာမှလုပ်မပေးနိုင်ဘူး"
"အဲ့လိုမဟုတ်ဘူး ကျွန်တော်တို့ Kelvin ကိုကူညီလို့ရပါသေးတယ်"
Jungkook ကလက်ကိုဆုပ်ကိုင်ထားပြီးအဆင်ပြေကြောင်းပြောပြပေးလေသည်။
Kelvin ဆီကဆက်သွယ်တာကြောင့် ဆေးရုံကိုရောက်လာခဲ့သည်။ ကြားရတဲ့အသံအနေအထားက ကောင်းတာတော့မဟုတ်နိုင်။
ကလေးလေးရဲ့ အခန်းရှေ့ကမှန်သားပြင်မှာ Kelvin ကခပ်တွေတွေလေးငေးကြည့်နေလေ၏။ခပ်တိုးတိုးခေါ်လိုက်တော့စကားပြောလာသည်။
"Neuroblastoma တဲ့ ငါ့သားလေးမှာအဲ့ရောဂါဖြစ်နေတာ"
(မွေးကင်းစကလေးငယ်နှင့် သန္ဓသေားငယ်တို့တွင်ဖြစ်တတ်သော အာရုံကြောဆဲလ်ဆိုင်ရာကင်ဆာ)Kelvin ရဲ့လက်ထဲကကိုင်ထားတဲ့ ဆေးစစ်ချက်ကိုယူကြည့်လိုက်သည်။ Jungkook ကကလေးလေးကိုလှမ်းကြည့်ပြီး