ဆယ့်ကိုးကြိမ်မြောက် ပန်းချီပြပွဲ။
စီးပွားရေးသမားအချို့နဲ့ အထက်တန်းလူတန်းစားအများစုသာတွေ့ရသည်။”မင်း ဒီကိုလာချင်တာ သေချာလား”
Kelvin ကမေးနေပြီ။ ကျွန်တော်က ပန်းချီအနုပညာအဲ့လိုတွေမှမခံစားတတ်ပဲ ဒါကိုသူလဲသိတာကြောင့်။
”မင်းနဲ့ငါ ဒီလို Public တွဲသွားပြီး လေလံတင်ပန်းချီကားတစ်ချပ်လောက်ဝယ်လိုက်ရင် သတင်းသမားတွေအရူးလို သတင်းလုရေးနေတော့မှာ ငါမြင်ချင်တာ မင်းနဲ့ငါရဲ့သတင်း”
Kelvin က သဘောတကျရယ်နေတော့သည်။ ချိတ်ထားသည့်ကျွန်တော့်လက်ဖမိုးကို တစ်ချက်နမ်းလာ၏။
မလှမ်းမကမ်းကမြင်လိုက်ရတာက အံမယ်။
”ဟိုက Jungkook မလား”
Kelvin ကကျွန်တော်ပြတဲ့နေရာကြည့်လိုက်ပြီး
”ဒီမှာရှိနေတာ ထူးဆန်းတာပဲ ဘေးကမိန်းကလေးနဲ့ပိုဆိုး ”
”ကြိုပြောထားတယ် ဒိတ်တာကဒီလိုနေရာလား အဲ့တစ်ယောက်ဘာတွေလုပ်နေမှန်းလဲမသိဘူး”
Jeon Jungkook က ကျွန်တော့်ကိုတွေ့တော့အနည်းငယ်ပြုံးပြနေသည်။ဘေးကမိန်းကလေးကိုမြင်ဖူးသလိုလိုရှိပေမဲ့ သေချာမသိတော့တာ။
ပွဲမှာ လေလံတင်ပန်းချီကိုရသွားတာ Jungkook နဲ့အတူပါလာတဲ့မိန်းကလေး C Group ရဲ့ မန်နေးဂျင်းဒါရိုက်တာ တဲ့လား။
Jungkook က သူနဲ့ဘယ်လိုလုပ်ပြီး..။”Taehyung ငါပြင်သစ်ခဏသွားရမယ်”
”ထပ်ပြီး အလုပ်လား”
”ငါအဲ့မှာ အမှုနဲ့ပတ်သတ်ပြီးလိုအပ်တာရှိလို့”
”ဂရုစိုက်သွား”
ကျွန်တော့်နဖူးကို တစ်ချက်နမ်းသည်။ Kelvin ကကျွန်တော့်ကိုလျစ်လျုမရှုမိအောင်ကြိုးစားနေတဲ့ပုံပေါ်၏။ ဒါကမတတ်သာလို့ဆိုတဲ့အခြေအနေမဟုတ်ရင်ကောင်းမည်။ ကျွန်တော်ဘာလို့ဒီလိုမျိုးတွေးနေရလဲတောင်မသိဘူး။
”CEO ရှယ်ယာရှင်တွေရဲ့ ဈေးကွက်-”
ကျွန်တော်ပြောတာကို နားမထောင်ဘဲမျက်တောင်မခတ်စိုက်ကြည့်လာကာ