”မမှတ်မိတာကို အတင်းစဉ်းစားမနေဘဲအိပ်လိုက်ပါတော့”တွေးစစလေးနဲ့ CEO က အိပ်သွားတဲ့နောက်တော့ စောင်အကျအနခြုံပေးခဲ့ပြီး ထွက်လာခဲ့၏။
”Jungkook ငါ Phတွေခေါ်နေတာ သိပြီးပြီလား”
”ဘာလဲ ဘာရှိလို့လဲ”
”နင်တို့ Company ဝတ်စုံ”
Jungkook ကလက်ထဲမှဖုန်းကိုအပြေးလာယူကြည့်သည်။
”44? ဘာလို့အဲ့လောက်ထိကျသွားတာလဲ ၊ရှယ်ယာဈေးရော ဘာဖြစ်တာလဲ”
”ငါနင်သိတယ်ထင်တာ ဝတ်စုံကဆိုးဆေးကြောင့်ဓာတ်မတည့်တာတဲ့”
”ဘာ?”
လက်ချောင်းတို့ဖြင့် မျက်ခုံးနှစ်ခုကြားဖိထားမိလိုက်တာ။
CEO သိရင်ခုချက်ချင်းတောင် အိပ်ရာကထလာတော့မှာမလွဲ။”တစ်ခုခုမှားနေတာ ငါအခုစက်ရုံသွားဦးမယ်”
”အော”
ဆိုးဆေးအတွက် စက်ရုံကုန်ကြမ်းစာရင်းကိုစစ်ရာတွင်အမှားမရှိပါ။ ဒါကသေချာပေါက် လုပ်ကြံဖန်တီးတာ။
CEO ကိုယ်တိုင်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်ပေမဲ့ အခုမပင်ပန်းစေချင်ဘူး။ ကျွန်တော်ကပဲခေါင်းခံလိုက်ချင်တာ။”ပျင်းတယ် ဘယ်သူမှလဲမလာဘူး”
ခပ်တိုးတိုးရေရွတ်လိုက်ပြီး Phကိုကြည့်တော့ အဝင်Callတစ်ခုတောင်ရှိမနေပါ။
”Jungkook ငါ့ကိုနည်းနည်းတောင်စိတ်မဝင်စားဘူး”
ညနေရောက်တဲ့ထိ Jungkook ကပေါ်မလာ။
Mail ဆီသို့ဝင်လာသော စာများကတန်းစီလျက်ပင်။”CEO ဝတ်စုံကိုဘယ်လိုဖြေရှင်းမလဲ၊ ရှယ်ယာဈေးကငါးဆယ်ကျော်ကျနေပြီ”
ဒါကဘာပြောတာလဲ။ တစ်ခုခုဖြစ်နေတာမဟုတ်ဘူးလား။
ဘဲလ်မြည်သံထွက်လာပြီးဖွင့်ပေးလိုက်တော့ Jungkook ရောက်လာ၏။”CEO ကျွန်တော်စားစရာတွေဝယ်လာတယ်”
”မင်းငါ့ကိုဘာလို့ဖုံးကွယ်နေတာလဲ၊ ငါ့ဝတ်စုံပြသာနာတက်နေတာမပြောဘဲနေနေတယ်”
”ကျွန်တော်နည်းလမ်းတွေရှာနေတာ CEO ဒီရက်အရမ်းပင်ပန်းထားတယ်မဟုတ်လား ဒါတွေသိရင် Pajamasနဲ့Company ကိုရောက်လာမယ်မလား”