တစ်ညလုံးအိပ်မရတော့ပါ။ခေါင်းထဲတွင်ချာချာလည်နေပြီး K ဆီကကြားရတဲ့”မနက်ဖြန် ငါအားလုံးရှင်းပြမယ်” ဆိုတဲ့ ခပ်လောလောအသံကြောင့် ကျွန်တော်ဘာမှပြောချိန်မရလိုက်တာအမှန်။
သူမ နဲ့ Jungkook ကမပတ်သတ်ဘူးဆိုရင် K နဲ့လား။ ဟုတ်နိုင်ရဲ့လား ဘာလို့ ဖုံးကွယ်ထားတာလဲ။
”Jungkook နင်ထမင်း-”
”မစားတော့ဘူး ”
”မျက်နှာကဘာဖြစ်တာလဲ ငြင်းလိုက်လို့လား ပါးရိုက်လိုက်တာလား”
ဘာမှပြန်မပြောဘဲ အခန်းထဲကိုပဲဝင်သွားတာ
”တကယ် ပါးရိုက်ခံလာရတာလား Jungkook”
ခေါင်းအုံးပေါ်လှဲချလိုက်ပြီး အတွေးထဲပေါ်လာသည့် CEO ရဲ့မျက်နှာ။ကျွန်တော်က အခွင့်ရေးယူသလိုဖြစ်သွားတာ။ ရုတ်တရက်ကြီးစိတ်တိုနေတာက တကယ်နားလည်ရခက်သည်။
***
Company ရောက်တဲ့အချိန်တည်းက Jungkookရဲ့ အရိပ်အယောင်တောင်မတွေ့ရတော့။
ကျွန်တော်လွန်တယ်တော့မခေါ်လောက်ပါဘူး။ အမှန်ဆိုရိုက်လိုက်မိတဲ့အကြောင်းအရင်းက မယ်မယ်ရရမရှိတာအမှန်။”ဒါက ဘယ်လိုဖြစ်တာလဲ”
Jungkook နေရာမှဖိုင်တွေက စက္ကူပုံးတစ်ခုထဲတွင်သေသေသပ်သပ်နဲ့ပဲစားပွဲကလဲရှင်းလင်းနေသည်။
”မဟုတ်မှ အလုပ်ထွက်တာလား”
ရုံးခန်းမှထွက်၍ အောက်ထပ်တွင်ကြည့်တော့ Mora Ji နဲ့စကားပြောနေတဲ့ Jeon Jungkook ကိုတွေ့လိုက်ရသည်။
”မင်း ဘာလုပ်နေတာလဲ”
”Mora နဲ့ ကျွန်တော်-”
”အလုပ်ထွက်တော့မှာပေါ့ အဲ့လောက်ထိမဟုတ်ဘဲမင်းက ခေါင်းစဉ်တပ်တာလား၊ လိုက်ခဲ့ မင်းစားပွဲပေါ်ကပုံးကိုအခုပြန်ရှင်း”
”အဲ့လိုမ-”
စကားကိုဆုံးအောင်နားမထောင်ဘဲ အပေါ်ထပ်ပြန်တက်သွားတဲ့ CEO ရဲ့အနောက်အပြေးလိုက်ရသည်။
အောက်နှုတ်ခမ်းကိုစူချွန်ပြီးကျွန်တော့်ကိုမကျေမနပ်ကြည့်နေ၏။”CEO”
”ငါက ရိုက်လို့လား၊ ငါကပဲမှားလို့လား မင်းလဲအမှားလုပ်တာပဲ ဟိုမိန်းကလေးနဲ့ရှုပ်တာမပြီးသေးဘူး Mora Ji နားမှာအလုပ်လုပ်ဖို့တွေးနေတာက မင်းတကယ်-”