536 112 4
                                    

Unicode

တစ္ဆေလက်ထပ်ပွဲ (၂)

ချူးဟွိုင်က ကျင်းထျန်ရိအနား ပြန်လျှောက်လာသောအခါ အစေခံလေးသည် ယခုထိ စက်ရုပ်တစ်ရုပ်ကဲ့သို့ မရပ်မနားနှင့်် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနေကြောင်း ကြားလိုက်ရလေသည်။

“ကျွန်တော်တို့ သခင်မကြီးဘဝက အတော်လေးခက်ခဲခဲ့တာပါဗျာ။ မိန်းမသားတစ်ယောက်တည်း သားကိုပြုစုပျိုးထောင်လာခဲ့ရတာ ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ စဉ်းစားကြည့်။ ဒါပေမဲ့ နောက်ဆုံးတော့ တစ်ဦးတည်းသောသားလေးက ဒီလိုမျိုးအဆုံးသတ်သွားရတယ်လို့လေ။ ကျွန်တော်တို့သခင်လေးက ငယ်ကငယ်နဲ့ ပြီးတော့လည်း လက်ဆက်ခြင်းအမှုတောင် ပြုမသွားခဲ့ရဘူး။ ဘယ်လိုလုပ်ပြီး သခင်မကြီးက သခင်လေးကို မြေအောက်ကမ္ဘာမှာ တစ်ယောက်တည်းစိတ်ချနိုင်မှာလဲလေ ?”

ချူးဟွိုင်က ဖြတ်မေးသည်။

“တစ်ဖက်သခင်မလေးက ဘယ်မိသားစုကလဲ?”

သူ့မေးခွန်းကိုကြားသောအခါ ကျင်းထျန်ရိက သူ့ခေါင်းကိုစောင်းလျက် ချူးဟွိုင်ကို တစ်ချက်ကြည့်လာ၏။

“ဘယ်ကသခင်မလေးရမှာလဲဗျာ ? အဲ့ဒီတစ်ယောက်သာ ငယ်ငယ်ရွယ်ရွယ်သခင်မလေးဆိုရင် ကျွန်တော်တို့ သခင်မကြီးစိတ်ညစ်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သခင်လေးနဲ့ လက်ဆက်ပေးဖို့ သင့်တော်တဲ့ဝိညာဉ်ကိုရှာပေမဲ့ တစ်ခုမှရှာမတွေ့ဘူးလေ! ဒါပေမဲ့ သခင်မကြီးက လက်မလျှော့ဘဲ ဆက်ရှာတာ…”

သူသည် ရုတ်တရက်ကြီး သူ့အသံကို တမင်လျှော့လိုက်လေ၏။ မသိလျှင် နောက်ပြောမည့်စကားက မပြောရန် တားမြစ်ခံထားရသကဲ့သို့ပင်။

“ကျွန်တော်တို့အားလုံး အိမ်နီးချင်းအိမ်တော်တွေရော တခြားနေရာတွေထိပါ စုံစမ်းခဲ့ပေမဲ့ သခင်လေးနဲ့ တစ်ချိန်တည်းအတူတူသေသွားတဲ့ အမျိုးသမီးတစ်ယောက်မှ မတွေ့ခဲ့ဘူး! သခင်မကြီးဆိုလည်း အရမ်းတွေ ပူပန်နေခဲ့ရတာ ခင်ဗျားတို့ပြောကြည့် ဒါကအရမ်းထူးဆန်းတယ်မထင်ဘူးလား ?”

ချူးဟွိုင် : “ဒါဆို အဲ့ဒီအခေါင်းထဲမှာရှိတာက…”

“အိမ်တော်ထဲက အလှဆုံးအစေခံမလေး ယင်းရှောင်ဖန်း !”

I'm Flirting with a Man in the Supernatural WorldWhere stories live. Discover now