564 120 4
                                    

Unicode

တစ္ဆေလက်ထပ်ပွဲ (၃)

ချူးဟွိုင်က လေးလေးနက်နက်တွေးပြီး ပြောလာသည်။

“ဒီကိစ္စမှာ ဆောင်းရုန်က မတော်တဆသေသွားခဲ့တာဆိုတော့ သူ့မှာအငြှိုးအတေးတွေရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အဲ့ဒီသရဲထီးက သူမဖြစ်နိုင်ဘူး…”

“ဒါဆို အဲ့ဒီသရဲက ဘာလို့ သခင်မကြီးဆောင်းအနားမှာ စွဲကပ်နေရတာလဲ? မဟုတ်မှလွဲရော သခင်မကြီးကများ သူ့ကိုသတ်ထားလို့လား?”

“ဆောင်းရုန်မဟုတ်တာတော့ သေချာတယ်”

ကျင်းထျန်ရိက ဆိုသည်။

“ငါအစေခံတစ်ယောက်ကို ဆောင်းရုန်ရဲ့ ပုံပန်းသွင်ပြင်မေးကြည့်လိုက်တော့ သူ့မျက်နှာမှာ အနက်ရောင်မှဲ့အကြီးကြီးရှိတယ်လို့ ပြောတယ်။ ဝမ်ရွှယ်ပြောတဲ့ပုံနဲ့ မကိုက်ဘူး။ ဒီလောက်ထင်ရှားတဲ့ အမှတ်အသားမျိုးကို သူသတိမထားမိဘဲ နေမှာမဟုတ်ဘူးလေ ”

“နောက်ပြီး စကားမစပ် လွန်ခဲ့တဲ့နှစ်ရက်တုန်းကလည်း သခင်မကြီးဆောင်းက အိမ်တော်ထဲကို တောက်ဘုန်းတော်ကြီးတွေပင့်ခဲ့ဖူးတယ်တဲ့”

လော်ဇီရန်းသည် တစ်ချိန်တည်းမှာပင် အံ့ဩမိရုံမက ကျင်းထျန်ရိအား လွန်စွာမှ လေးစားမိသွားလေသည်။

“အစ်ကိုကြီးက တကယ်မိုက်တာပဲ။ ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်း ဒီလောက်အများကြီး စုံစမ်းလာနိုင်တာလဲ?”

[ TN : လော်ဇီရန်းက ကျင်းထျန်ရိကို သူတို့အဖွဲ့ရဲ့ အကြီးအကဲသဘောမျိုးနဲ့ လေးလေးစားစား အစ်ကိုကြီး လို့ခေါ်တာပါ။ တကယ်လည်း ကျင်းထျန်ရိက အဖွဲ့ရဲ့ခေါင်းဆောင်ပါပဲ။ btw ဒါကြောင့်မို့လည်း ချူးဟွိုင်ရဲ့ အချက်အလက်ကို ထျန်ရိတစ်ယောက်ပဲ သိရတာပေါ့ ]

ကျင်းထျန်ရိက အဓိပ္ပါယ်ပါပါပြုံးလျက်ပြန်ဖြေသည်။

“အရင်ဆုံး ငါငွေဒင်္ဂါးပြားတွေကို ခိုးခဲ့တယ်။ ပြီးမှ အစေခံတွေကို လာဘ်ထိုးရင်း သတင်းနှိုက်လာတာ ”

ချူးဟွိုင် : “…” ဒီပရလောကမှာ လက်ရဲဇက်ရဲရှိတဲ့လူတွေက သာမန်လူတွေထက် ပိုထူးချွန်နေတာ အံ့ဩစရာမရှိပါလား!

I'm Flirting with a Man in the Supernatural WorldWhere stories live. Discover now