449 104 4
                                    

Unicode

တစ္ဆေလက်ထပ်ပွဲ (၆)

ကျင်းထျန်ရိ နှင့် ချူးဟွိုင်သည် တစ်အိပ်ရာတည်းတွင် အတူတူအိပ်ခဲ့ကြရ၏။

ပြဿနာကြုံတွေ့ရန် အများဆုံးဖြစ်နိုင်ခြေက ညအခါဖြစ်သည့်အတွက် အန္တရာယ်တစ်ခုခု ကြုံလာရပါက အဆင်သင့်ထွက်ပြေးနိုင်ရန် သူတို့အားလုံးသည် ပုံမှန်အဝတ်အစားများဝတ်လျက်နှင့်ပင် အိပ်ရာဝင်ခဲ့ကြသည်။

ယင်းမိသားစု၏ အိပ်ခန်းများက အတော်လေးကျဉ်းသောကြောင့် တစ်ခန်းတည်းတွင် လူငါးယောက် ခြောက်ယောက် စုပြုံအိပ်ဖို့က မဖြစ်နိုင်ပါပေ။ လီဘင်းနှင့် ဝမ်ရွှယ်က သွေးအေးစစ်ပွဲ ဆင်နွှဲနေဆဲဖြစ်သဖြင့် လော်ဇီရန်းနှင့် လီဘင်းက တစ်ခန်း၊ ဝမ်ရွှယ်နှင့် ကျောက်ရှင်းက တစ်ခန်း ခွဲနေခဲ့ကြရသည်။

ကျင်းထျန်ရိ၏ လက်မောင်းတစ်ဖက်ပေါ်တွင် ခေါင်းအုံးအိပ်ရင်း ချူးဟွိုင်၏အသက်ရှုှသံများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့၏။ ကျင်းထျန်ရိကမူ မအိပ်သေးပါဘဲ ၎င်းပုံစံက ချူးဟွိုင်၏အကျင့်လော သို့မဟုတ် မသိစိတ်အလျောက် ပြုမူမိသည့် ငြင်းဆိုမှုလော မခွဲခြားနိုင်ခဲ့ပါပေ။ အဘယ်ကြောင့်ဆိုသော် ချူးဟွိုင်သည် အိပ်ပျော်သွားပြီးသည့်နောက် မိမိ၏ပွေ့ဖက်မှုထံမှ ရုန်းကန်၍ လက်မောင်းပေါ်တွင်သာ ခေါင်းအုံးကာ သူ့သူကွေးကွေးလေး အိပ်စက်နေသောကြောင့်ပင်။

တစ်ရေးမျှအိပ်ပျော်သွားပြီးသည့်နောက် ကျင်းထျန်ရိသည် ဖျတ်ခနဲနိုးလာခဲ့၏။ သူ၏မျက်နှာတွင်မူ အိပ်ချင်မူးတူးဖြစ်နေသည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိပါပေ။

သူသည် တစ်ဖက်သို့ ခေါင်းစောင်းလိုက်ရင်း မိမိဘေးမှ လူကို ကြည့်လိုက်မိသည်။ ချူးဟွိုင်က ဘာကြောင့်များ မိမိကိုယ်ကိုပွေ့ဖက်ထား၍ အိပ်ရာစွန်းတွင် ကွေးကွေးလေး အိပ်နေရသလဲ သူမခန့်မှန်းတတ်ပါပေ။ ၎င်းအိပ်စက်သည့်ပုံစံမှာ အစာအိမ်ရောဂါ သမားတစ်ယောက်က နာကျင်လွန်းသည့်ဝေဒနာကို ခံစားနေရပုံနှင့် အနည်းငယ် ဆင်တူလေ၏။

I'm Flirting with a Man in the Supernatural WorldWhere stories live. Discover now