473 110 9
                                    

Unicode

တစ္ဆေလက်ထပ်ပွဲ (၅)

ချူးဟွိုင်သည် အားကောင်းမောင်းသန် ယောကျ်ားကြီးလေးယောက်က အခေါင်းစင်လေးတစ်ခုကို အမောဆို့မတတ် သယ်ဆောင်လာကြောင်း မြင်လိုက်ရသဖြင့် ထိုလူများဆီ ကပျာကယာအကြည့်လွှဲလာပေသည်။ ထိုလူများ၏နောက်ဘက်တွင်မူ ဆွေမျိုးုဖြစ်သူများ၏ ဝမ်းနည်းငိုကြွေးသံများကို ကြားနေရသလိုပါပင်။ ငိုကြွေးနေသည့်လူများက သူ့မြင်ကွင်းထဲ ရောက်မလာသေးပါသဖြင့် သူသည် ၎င်းငိုကြွေးသံတို့သည် အစစ်လော အတုလော မခွဲခြားနိုင်ခဲ့ပါပေ။

[ TN : အခေါင်းစင်ဆိုတာ သာမန်မြင်ဖူးနေကျ အခေါင်းအောက်မှာ လူထမ်းလို့အဆင်ပြေအောင် ထမ်းစင်တပ်ထားတဲ့သဘောပါ။ ဥပမာ ရှေးခေတ်သုံးလူထမ်းဝေါယာဉ်လိုမျိုးပေါ့။ ]

ကျင်းထျန်ရိသည် ချူးဟွိုင်ကို လမ်းဘေးဘက်သို့ ဆွဲခေါ်၍ ထိုလူတို့အား လမ်းရှင်းပေးလိုက်၏။

ထမ်းသည့်လူအများစုမှာ ခါးအထက်မှစ ကိုယ်ဗလာကျင်းဖြစ်နေခဲ့ကြပြီး ချွေးများစွာလည်း ထွက်နေသေးလေ၏။ ထိုလူကြီးများသည် သူတို့အနားမှ ဖြတ်သွားချိန်တွင် အချင်းချင်း ညည်းညူလာကြပေသည်။

“ဒီလောက်လေးတဲ့ အခေါင်းမျိုးကို ငါ့တစ်သက်မမြင်ဖူးပါဘူးကွာ…”

“ဟုတ်ပ ကြာလေပိုလေးလာသလိုပဲ။ ငါတော့မရတော့ဘူး ခဏနားကြမလား?”

“ငါ့ပုခုံးတွေဆို ကျိူးကြေကုန်မလားမှတ်ရတယ် နေပါဦး ငါမှတ်မိသလောက်ဆို မာမိသားစုရဲ့သားက ပိန်ပိန်ပါးပါးလေးမလား…?”

သူတို့၏ မျက်နှာများသည် ပင်ပန်းမှုကြောင့် နွမ်းလျနေခဲ့သည်။

“ဟေ့ကောင်တွေ မဟုတ်မှလွဲရော မာမိသားစုရဲ့သားက မတရားသဖြင့် သေသွားရလို့များလား!? ငါတစ်ခုကြားဖူးတယ်။ အခေါင်းက အချိန်ကြာလာတာနဲ့အမျှ ပိုလေးလာတယ်ဆိုရင် အဲ့ဒါသေသွားတဲ့လူက အစွဲမကျွတ်သေးလို့တဲ့ …”

“ငလူး နေ့ခင်းကြောင်တောင်ကြီး ကြောက်စရာတွေမပြောစမ်းပါနဲ့!”

I'm Flirting with a Man in the Supernatural WorldWhere stories live. Discover now