chaeလဲပြောပြီ liကိုလက်က ဆွဲခေါ်လာတယ် အခန်းထဲရောက်တော့
lisa-''chaeဘာလို့ ငါပါးစပ်ပေါက်လာပိတ်တာလဲ ငါက နင်နဲ့soo အဆင်ပြေအောင်လို့ မြှားနတ်မ လုပ်ပေးနေတာလေ''
chae-''ငါသိတယ် နင်ငါကို အဆင်ပြေအောင်လုပ်ပေးတာကို ဒါပေမဲ့ခုချိန်သွားပြောလို့ စိတ်ဆိုးသွားပြီ သူငယ်ချင်းမလုပ်တော့ရင် ဘယ်လိုလုပ်မလဲ''
lisa-''အဲ့ဒါလဲ ဟုတ်တာဘဲ sooကနင်ကိုစိတ်ဆိုးသွားပြီ သူငယ်ချင်းမလုပ်တော့ရင် ငါနဲ့jenလဲမရင်းနှီးတော့ဘူး''
chae-''ငါလဲ အဲဒါကြောင့်မို့ ပြောတာ အချိန်ကြာလာမှာဘဲ ဖွင့်ပြောတော့မယ်''
lisa-''အင်း အဲ့တာကောင်းတယ်''
liတို့လဲပြောပြီတော့ ဆရာမရောက်လာတယ် တစ်ချိန်ပြီ တစ်ချိန်သင်ပြီတော့ ကျောင်းဆင်းချိန်ရောက်ပြီပေါ့
chae-''lisa ကြာလိုက်တာ sooတို့ပြန်သွားအုံးမယ်''
lisa-''လာပါပြီ chaeရယ် လာ သွားမယ်''
liတို့လဲ အောက်ထဲဆင်းလာတယ် အောက်ထဲရောက်တော့ jenတို့ကအခန်းထဲကထွက်မလာသေးဘူး အဲ့ဒါနဲ့ အပြင်က စောင့်နေလိုက်တယ်
jenတို့ဘက်
jen-''soo chaeတို့က ဘာလာလုပ်တာလဲ''
soo-''chaeကsooကို တွေ့ချင်လို့လာတာတဲ့''
jen-''အဲ့ဒါဆို သေချာ ပြီ chaeကsooကို ကြိုက်နေတာ''
soo-''အင်း ဟုတ်လောက်တယ် lisaကဘာပြောမလို့လဲမသိဘူး အဲ့ဒါကို chaeက lisaပါးစပ်ကို ပိတ်လိုက်တယ်''
jen-''ဟုတ်လား''
soo-''ဟုတ်တယ်''
sooတို့လဲပြောပြီဆရာမရောက်လာတော့ စာမေးတော့တယ် ကျူရှင်ကဆရာမဆိုတော့ စာမရရင်အသေရိုက်နေတာ တစ်ချိန်ပြီ တစ်ချိန်သင်ပြီတော့ ကျောင်းဆင်းချိန် ရောက်ပြီးပေါ့
(စာသင်တာပျင်းလို့ ကျောင်းဆင်းချိန်ရောက်ပြီနော် ကျော်လိုက်တာ😁)soo-''jen ဒီနေ့ ငါတို့ ကျောင်းဆင်းတာ နောက်ကျတယ် chaeတို့များပြန်သွားပြီလား မသိဘူး''
jen-''ပြန်သွားပြီနေမှာပေါ့ ငါတို့က နောက်ကျတာကိုး''
soo-''ဟုတ်ပါတယ်လေ လာသွားရအောင်''
sooတို့လဲအခန်းပြင်ထွက်လာတယ် အဲ့ချိန်မှာ
chae-''sooတို့ အခန်းက ဒီနေ့ ကျောင်းဆင်းတာ နောက်ကျတယ်နော်''
soo-''ဟုတ်တယ် ဆရာမက စာကျက်ရမဲ့ဟာပြောနေလို့ကြာသွားတာ''
chae-''အော်''
soo-''chaeတို့က မပြန်သေးဘူးလား ဘယ်သူ့ကိုစောင့်နေတာလဲ''
chae-''အဲ့ အဲ့ဒါက''
lisa-''sooနဲ့jenတို့ကို စောင့်နေတာလေ ဟုတ်တယ်မလားchae''
chae-''ဟုတ်တယ် sooကို စောင့်နေတာ တူတူပြန်မယ်လေ''
lisa-''နောက်ရက်တွေလဲ တူတူပြန်မယ်လို့ ပြောလိုက်အုံးလေ''
chae-''ဟုတ်တယ်soo သွားရမဲ့လမ်းက တူတူဘဲလေ အဲ့ဒါ့ကြောင့်မို့ အဆင်မပြေရင်လဲရပါတယ်''
soo-''အဆင်မပြေဘူးလို့ ဘယ်သူက ပြောလို့လဲ နေ့ တိုင်း တူတူပြန်မယ် ဟုတ်ပြီလား''
chae-''ဟုတ်ကဲ့ပါsoo လာ သွားမယ်''
lisa-''ငါလဲစောင့်အုံးလေ နင်တို့ဘဲရှိတယ် ထင်နေလား ငါလဲပါသေးတယ်''
jen-''ဟုတ်တယ် ငါလဲရှိသေးတယ်''
lisa-''နင်တို့ပါသာလာခဲ့တော့ ငါတော့သွားပြီ လာjen''
jen-''နင်နဲ့သွားစရာလား လာsooသွားမယ်''
sooနဲ့jenလဲပြန်သွားပြီပေါ့
lisa-''ဘာလဲဟ''
chae-''ဘာလဲဟ လုပ်မနေနဲ့ ဟိုကပါးမရိုက်သွားတာတောင် ကံကောင်းတယ်မှတ်''
lisa-''ငါက ဘာလို့ပါးရိုက်ခံရမှာလဲ သူ့ကိုငါကဘာလုပ်လို့လဲ''
chae-''နင်ကjenလက်ဘာလို့သွားကိုင်လဲ''
lisa-''သူ့လက်လေးကိုင်တာ ဘာဖြစ်လို့လဲ သူငယ်ချင်းတွေကို sooလဲကိုင်တာဘဲလေ''
chae-''sooနဲ့နင်က တူတာမှမဟုတ်တာ sooက jenနဲ့ သူငယ်ချင်းဖြစ်တာကြာပြီလေ နင်ကခုမှသူငယ်ချင်းစဖြစ်တာလေ''
lisa-''ငါလဲ သူငယ်ချင်းဘဲလေ''
chae-''jenက တော်ယုံတန်ယုံ သူငယ်ချင်းတွေဆို စကားကို လုံးဝမပြောဘူး ငါတို့မို့ စကားပြောတာ အဲ့ဒါကို နင်ကလက်သွားကိုင်တော့ ဟိုကစိတ်ဆိုးသွားတာပေါ့''
lisa-''အဲ့လို့လား ငါမှမသိတာ jenငါကိုစိတ်ဆိုးပြီ စကားမပြောတော့ရင် ဘယ်လိုလုပ်မလဲ''
chae-''ဘာမှ စိတ်ညစ်မနေနဲ့ မနက်ဖြန်ကျမှ ပြန်တောင်းပန်လိုက်တော့''
lisa-''အင်း အဲ့လို့ဘဲ လုပ်လိုက်တော့မယ်''
liနဲ့chaeလဲအိမ်ပြန်ခဲ့ကြတယ် အိမ်ပြန်ရောက်တော့
ဖတ်ပေးတဲ့တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်😁
YOU ARE READING
တစ်ဖက်သတ်အချစ် (season-1)
Fantasyတစ်ဖက်သတ်ချစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်နေတာကိုသိပေမဲ့မသိချင်ယောင်ဆောင်နေတဲ့ကောင်မလေးတစ်ယောက်