(၁)

6.8K 296 15
                                    

Unicode

ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘယ်လိုအရာဖြစ်ကြောင်းကို ‌တိကျသေချာစွာ မသိရသေးခင်မှာပင် ကျွန်တော်သည် အချစ်အား ပူလောင်ပြင်းပြစွာ ထိတွေ့မိသွားပါသည်။

ရင်ခုန်လှိုက်ဖိုတို့၏နောက်တွင် နာကျင်ကြေကွဲဖွယ်သော ခံစားချက်များရှိနေသည့်အကြောင်းကို သိရှိလိုက်ရသည့်အခါ၌ ကျွန်တော်သည် သော်မင်းဟန်ဟူသည် ယောက်ျားအား ရင်နှင့်အမျှ ချစ်မိနေခဲ့ပြီဖြစ်သည်။

ကိုယ့်ဘက်က ရင်နှင့်အမျှ ချစ်ပေးရခြင်းသည် ငိုကြွေးနေရသည်က များသည်။

ကိုယ့်အချစ်များ သူ မမြင်သည့်အခါ ငိုကြွေးရသည်။

သူ အခြားတစ်ယောက်အား ရင်နှင့်အမျှ ချစ်နေသည်ကို သိရှိသွားချိန်မှာတော့ တငြိမ့်ငြိမ့်ခုန်လှုပ်နေပါသည့် နှလုံးသားသည် သေဆုံးသွားရသည်။

ချစ်မိလာရင် ငိုကြွေးဖို့ ကြောက်နေလို့မဖြစ်ဘူးဟူ၍ ကိုယ့်ကိုကိုယ် ပြန်၍အားပေးနေခဲ့ရသည်။

အခုများတော့ ကမ္ဘာမြေကြီး၏ ထောင့်တစ်နေရာတွင် သူ ရှင်သန်နေပါလိမ့်မည်။

ကံအကြောင်းတရားများ တိုက်ဆိုင်၍ သူနဲ့ပြန်တွေ့သည့်နေ့များ ရှိလာခဲ့သော် သူ့ကို စကားတစ်ခွန်းပဲ ပြောလိုပါသည်။

"တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါ"

ထိုစကားပြောချိန်၌ ကျွန်တော့်အသံဟာ တုန်ရီအက်ကွဲနေမည်မှာ သေချာပါသည်။ သူကတော့ ကျွန်တော့်ကို ခပ်ပြုံးပြုံးပဲ ကြည့်နေပါလိမ့်မည်။

"ငါ့ကို မေ့ပစ်မလို့လား သုတဇော်"ဟူ၍များ စိတ်ဆိုးမာန်ဆိုး ပြောဆိုလိမ့်မည်လား။

သို့ပေသိ ယခုအချိန်၌ သော်သည်လည်း အသက်အရွယ်တစ်ခုရလာ‌ပြီဖြစ်၍ ဆယ်ကျော်သက်အရွယ်တုန်းကလို မရင့်မကျက် ပြုမူတော့မည်တော့ မထင်ပါ။

ယခုအချိန်၌ ကျွန်တော်၏ နှလုံးသားသည်လည်း လိုအပ်သည်ထက်ပို၍ ရင့်ကျက်တည်ငြိမ်နေပြီဖြစ်ကြောင်း သော့်ကို သိစေချင်ပါသေးသည်။

သို့ပါသော်လည်း သော်သည် ကျွန်တော့်နှလုံးသား၏ ချောင်ကျကျနေရာလေးတစ်ခုတွင် ထာဝရတည်ရှိနေမည်သာဖြစ်သည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါحيث تعيش القصص. اكتشف الآن