(၁၆)

846 78 11
                                    

Unicode

ကျွန်တော့်မွေးနေ့တိုင်း ရွှေဆံတော်ဘုရားနံဘေးက လိပ်ကန်သို့ သွားတတ်သည်ကို သော်က အမြဲတမ်း အမှတ်တရရှိ‌ပေးခဲ့ပါသည်။ ယခင်နှစ်များနှင့်မတူဘဲ ထိုနှစ်ကတော့ ကျွန်တော်၏ နံဘေးမှာ သော် ရှိမနေခဲ့ပါ။ ဂစ်တာကိစ္စနှင့်ပတ်သက်၍ သော်နှင့်ကျွန်တော် စကားမပြောဖြစ်သည်မှာ ရက်အတော်ကြာနေခဲ့ပြီလေ။ ကျွန်တော်ကလည်း ကျွန်တော့်ဂစ်တာကို ချိုးပစ်၍ သော့်ကို စကားမပြောချင်၊ သော်ကလည်း သူ ပေးတဲ့ဂစ်တာကို ကိုရှိင်းထက်ဆီ ပေးပစ်၍ ကျွန်တော့်အား စကားမပြောချင်။

ကိုယ်စီမာနများဖြင့် မခေါ်နိုင်မပြောနိုင် ဖြစ်နေခဲ့ချိန်တွင် အရင်ချော့မော့ခဲ့သူမှာ ကျွန်တော် မဟုတ်ခဲ့ရဘဲ သော်သာလျှင် ဖြစ်ခဲ့ပါသည်။

လိပ်ပေါက်စလေးများက ကျွန်တော် ပစ်ချကျွေးလိုက်သည့် ပေါင်မုန့်အပိုင်းအစလေးများကို အလုအယက် စားနေကြသည်မှာ ကြည်နူးဖွယ်အတိ။ ယခင်နှစ်တွေတုန်းကတော့ သော်နှင့်အတူ လိပ်စာ လာကျွေးနေကျ ဖြစ်ခဲ့ပါသည်။

ထိုနေ့က လိပ်ကန်သို့ သွားခဲ့မိသည်မှာလည်း ကျွန်တော့်အမှား။

သော့်ကို လှည့်ကြည့်ခဲ့မိတာလည်း ကျွန်တော့်အမှား။

ကျွန်တော့်လက်ချောင်းထိပ်လေးတွေကို သော့်အား ထိတွေ့ကိုင်တွယ်ခွင့်ပြုခဲ့မိသည်မှာလည်း ကျွန်တော့်အမှား။

သော် ပြောခဲ့တဲ့ စကားတစ်ခွန်းစီတိုင်းကို ယုံစားခဲ့မိသည်မှာလည်း ကျွန်တော့်အမှားသာ ဖြစ်ခဲ့ရပါသည်။

"သုတဇော်"

သော့်အသံ ဩရှရှ။ အချိန်တွေများ ပြန်လှည့်ခွင့် ရခဲ့မယ်ဆိုရင် ထိုနေ့က သော့်ကို လှည့်မကြည့်ဘဲ နေပစ်ခဲ့မိမည်ထင်သည်။ ဒါဆိုရင် သော်နှင့်ကျွန်တော် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းပင် မဆိုင်ချင်တော့လောက်အောင် နာကျည်းသွားရသည့် အခြေအနေသို့ရောက်သွားခဲ့လိမ့်မည်မဟုတ်ပါ။

"တစ်ယောက်တည်း ပျောက်ပျောက်မသွားပါနဲ့"

သော်က မျက်မှောင်လေး ညို့ကာ ပြောသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါTempat cerita menjadi hidup. Temukan sekarang