(၄)

1.9K 178 39
                                        

Unicode

သံသရာအဆက်ဆက် သော့်ကိုသာ ငေး၍ သော့်ကိုသာ ချစ်သွားချင်သည့်ဆန္ဒမှာ ယနေ့ထက်တိုင် ကျွန်တော်၏ နှလုံးသားထဲတွင် တည်ရှိနေစဲဖြစ်ကြောင်းကိုတော့ မည်သူ့ကိုမှ ထုတ်ဖော်၍ မပြသချင်တော့ပါ။

ပိတောက်ပန်းဝါဝါလေးများ ပွင့်ချိန်ရောက်လျှင် သော့်ကို သတိရသည်။

ဪ...နောက်ထပ်တစ်နွေရောက်လာပြန်ပြီလား။

မိုးစွေသည့်နေ့များဆိုလျှင် အိမ်ရှေ့ဝရံတာမှာ ကော်ဖီ ထွက်သောက်ရင်း သော့်အား သတိရမိသည်။

နောက်ထပ် တစ်မိုးရယ်ပါလားပေါ့။

သတိရရုံ သတိရ၍ လွမ်းဆွတ်တမ်းတနေခြင်း မဟုတ်တော့သည်ကိုတော့ သော့်ကို သိစေချင်ပါသေးသည်။

သုတဇော်ဟာ သော်မင်းဟန်ကို တိုက်ဆိုင်မှုရှိမှသာ ဖျက်ခနဲ သတိရတော့သည့်အကြောင်းကို တစ်ယောက်သောသူကို သိစေချင်သည်။

သို့ပါသော်လည်း သော့်ကို မချစ်တော့ဘူးလားရယ်လို့ မေးလာခဲ့သည်ရှိသော် ချစ်နေပါသေးသည်လို့သာ မုသားကင်းကင်းနှင့် ပြန်ဖြေပါမည်။

သော်သည် အမြဲတမ်း ပျော်ပျော်နေတတ်သည်။ သော့်နှုတ်ခမ်းပါးလျလျလေးတွေဟာ အမြဲတစေပြုံးယောင်သမ်းနေတတ်သည်။

ကျွန်တော်နှင့် စကားမပြောလျှင်၊ ကျွန်တော်က ခပ်တန်းတန်းနေနေလျှင်တောင်မှ ပြုံးယောင်သမ်း၍ ပျော်ရွှင်နေဟန်ရှိသည့် နှုတ်ခမ်းပါးများသာဖြစ်သည်။

ကျွန်တော့်အား ကြည့်လျှင် သရော်ဟန်ပါနေသော သော့်မျက်လုံးများ၊ အထင်သေးဟန်ပြုံးပြတတ်သည့် သော့်နှုတ်ခမ်းများသည် ကျွန်တော် မုန်းတီးစွာ ချစ်မြတ်နိုးနေမိသည့်အရာများသာဖြစ်သည်။

ရံဖန်ရံခါများမှာတော့ ထိုမျက်ဝန်းနှင့် နှုတ်ခမ်းတို့သည် အချစ်ရိပ်တို့ ပြည့်နေတတ်ပါသည်။ ခေတ္တခဏမျှသော အချိန်ပိုင်းလေးတွင်သာ ဖြစ်သည်။

သော်သည် တက္ကသိုလ်ဘုန်းနိုင်ကို အလွမ်းအဆွေးသမားမို့ သိပ်သဘောမကျဘူးဟုဆိုသော်လည်း သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်ကိုတော့ အတော်လေး သဘောကျသည်ဟုဆိုသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now