(၇)

1.7K 172 23
                                    

Unicode

ကျွန်တော် သူ့အပေါ်မှာ သာမန်ထက်ပိုကြောင်းကို သော်ဟာ သိနေပြီးသားပဲ။ သော်ကတော့ ကျွန်တော့်အပေါ်မှာ ချစ်နေလား၊ မချစ်နေဘူးလားဆိုတာကိုတော့ ဝေခွဲလို့မရ။

သော်ဟာ ချစ်ချင်လည်း ချစ်နေပါလိမ့်မည်။ ချစ်ချင်မှလည်း ချစ်မှာလေ။

တတိယနှစ်ရောက်တော့ ကျွန်တော်က အဆောင်နေပြီး ကျောင်းတက်သည်။ ‌ဒီနှစ်တွေ အတွင်းမှာ လင်းနဲ့ ပိုမိုခင်တွယ်လာပြီး သော်နဲ့စုကတော့ ပိုပိုပြီး ချစ်လာကြသလိုပဲ။

လင်းနဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးကြသည်။ လင်းက ကြည်အေးကို သိပ်သဘောကျတဲ့အကြောင်း မကြာခဏပြောတတ်သည်။

"ကြည်အေးရဲ့ အရေးအသားတွေဟာ သိပ်နူးညံ့တာ ဇော်ရဲ့"

ကျွန်တော်က သဘောတကျရယ်လိုက်တော့ လင်းကပါ လိုက်ပြုံးသည်။ လင်း ဘာကြောင့်ရယ်ရသလဲ မေးမိတော့ ခပ်တိုးတိုးလေး ပြန်‌ေဖြသည်။

"ဇော် ရယ်နေတာကို လင်း သဘောကျလို့ပေါ့"

သော့်ထံတွင် ပြုံးရွှင်ခွင့်မရခဲ့သော ကျွန်တော်ဟာ လင်း ရှေ့မှာတော့ လွတ်လပ်စွာ ပေါ့ပါးစွာ ရယ်မောနေခဲ့မိပါသည်။

တစ်ခါတစ်လေမှာတော့ သော်ဟာ ကျွန်တော့်အဆောင်မှာ ညလာအိပ်တတ်သည်။ ထိုအခါမျိုးမှာတော့ ကျွန်တော်ဟာ ကြမ်းပြင်ပေါ်၌ ဆင်းအိပ်ပေးခဲ့ပါသည်။

ကြမ်းပြင်ပေါ် ဆင်းအိပ်သည်နှင့်ပတ်သတ်၍ ကျွန်တော်နှင့်‌ေသာ် စကားများခဲ့ဖူးပါသေးသည်။

"သုတဇော် ကုတင်ပေါ်တက်အိပ်ပါလား၊ ကြမ်းပြင်က သိပ်အေးတယ်"

သော်က ကုတင်ပေါ်ကနေ ပြောသည်။

"ကုတင်က သိပ်ကျဉ်းလွန်းတယ် သော်၊ အဆင်မပြေဘူး၊ ကြမ်းပြင်ပေါ်ဆင်းအိပ်လို့ အဆင်ပြေပါတယ်"

သော့်ရဲ့ သက်ပြင်းချသံကို ကျွန်တော် လေးပင်စွာ ကြားလိုက်ရပါသည်။

"ငါနဲ့ တစ်ကုတင်တည်း အိပ်ဖို့ သိပ်ကို ဝန်လေးတာလား သုတဇော်"

သော်ရဲ့ မေးခွန်းဟာ ကျွန်တော့်မျက်နှာအား ရေနွေးပူနှင့် ပက်လိုက်သလို ရှက်ရွံ့ပူနွေးသွားစေပါသည်။ ကျွန်တော်သည် သော်နှင့် တစ်ကုတင်တည်း အိပ်ရန် ရှက်ရွံ့ဝန်လေးနေခြင်း မဟုတ်ခဲ့ရပါ။ သော့်အခန်းထဲက ကုတင်သည် ယခုကုတင်ထက် နှစ်ဆလောက် ပိုကြီးပါသည်။ သော်က ကျယ်ကျယ်ပြန့်ပြန့် အိပ်ရမှ အဆင်ပြေသည်ဟု ကျွန်တော် ထင်နေခဲ့မိပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါHikayelerin yaşadığı yer. Şimdi keşfedin