(၅)

1.5K 163 12
                                    

Unicode

"မနက်ဖြန် ချစ်သူများနေ့လေ"

"အဲ့ဒီတော့ ဘာဖြစ်သလဲ"

သော်က ကန်တင်းမှာ ထိုင်ရင်း ရုတ်တရက်ပြောသည်။ သော် ကျွန်တော့်ကို ကြည့်သော အကြည့်၏ အဓိပ္ပါယ်ကို သေချာမသိပါ။ သို့သော် သူ၏ လေသံကိုတော့ သေချာအဓိပ္ပါယ်ဖွင့်နိုင်ပါသည်။

သော်သည် မနက်ဖြန် ကျွန်တော့်အား အိမ်မှာသာ ရှိနေစေချင်သည့်သဘောမျိုးဖြစ်သည်။

"အိမ်မှာပဲ ရှိနေမှာမလား"

ကျွန်တော်က ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး‌ေနာက် သော့်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ သော်ဟာ ကျွန်တော်ကို စိုက်၍ကြည့်နေသည်။ အကြည့်ချင်းဆုံကြတဲ့အခါ ကျွန်တော့်ဘက်မှ အကြည့်စလွှဲလိုက်မိသည်။ သော်၏ မထီတရီအကြည့်များနှင့် မဆုံမိချင်ပါ။

"အိမ်မှာပဲ ဖြစ်ဖို့များပါတယ်"

သော်က လှောင်သလိုလို တစ်ချက်ရယ်သည်။ သရော်တော်တော်ဟန်ဖြင့် မျက်ခုံးနှစ်ဖက်ကိုလည်း တွန့်ချိုး၍ ထားသေးသည်။

"ရည်းစားမှမရှိတာ"

"မထားချင်တာပါ သော်ရာ၊ အပူတွေ မရှာချင်လို့"

သော်က သူစားနေကျ လက်ဖက်ထမင်းကို လက်စသတ်စားလိုက်ပြီး ပါးစပ်ကို တစ်သျှူးနဲ့ သုတ်နေသည်။

"မောင်"

ကျွန်တော့်နောက်ကျောဘက်ဆီက နူးညံ့ချိုအီသောအသံလေးထွက်လာခဲ့သည်။ ဘယ်သူများ ဖြစ်နိုင်ဦးမှာတဲ့လဲ။ စုပေါ့။ သော် သိပ်ချစ်ရတဲ့ စု။

"စု"

သော်က စုဟူ၍ နူးညံ့မြတ်နိုးစွာ ခေါ်ပြီး သူ့နံဘေးက ထိုင်ခုံမှာ ဝင်ထိုင်စေသည်။

စုရောက်လာတဲ့အခါ သင်းပျံ့ပျံ့ရေမွှေးရနံ့လေး လွှမ်းသွားခဲ့သည်။ အပြုံးချိုချိုလေးတွေနဲ့ ဝေသွားခဲ့သည်။

စုသည် သူ၏လက်သည်းချွန်ချွန်လေးများနှင့် သော့်လက်ဖဝါးလေးကို ခပ်ဖွဖွလေး ဆွဲခြစ်နေခဲ့သည်။ သော်က ပြုံး၍ ကြည့်နေခဲ့သည်။

နောက်တော့ စုသည် "မောင့်အတွက်"ဆိုပြီး အချိုရည်ဘူးလေး ထုတ်ပေးသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now