UNICODE
.Taylor Swift ရဲ့ All too well သီချင်းလေးကနေ စိတ်ကူးရတာမို့ အဲ့ဒီသီချင်းလေးလည်းနားထောင်ကြည့်ကြပါနော်။
_______________ဆောင်းဦးရဲ့ ရွက်ကြွေတွေဟာ လမ်းတစ်လျှောက်မှာ ပြန့်ကြဲလို့...
အိမ်ဝန်းရဲ့ အဝင်လမ်းလေးတစ်လျှောက်မှာ
ပန်းရုံလေးတွေက ဘေးတစ်ဖက် တစ်ချက်ဆီ အစုလိုက်အစီအရီ...လိပ်ပြာလေးတွေဟာ ပန်းပွင့်လေးတွေကို အောင်သွယ်ပေးရင်း သူတို့ချင်းလည်း ကလူကြည်စယ်နေကြဟန် ရှိတယ်။
"အန်တီယွန်း ကျွန်တော်မြို့ထဲကို ကားမောင်းထွက်လိုက်ဦးမယ်၊ ညနေခင်းရာသီဥတုလေးကလည်း သာယာနေတာမို့ စိတ်ကြည်သွားအောင်ပါ"
"အေးအေး၊ ဪ တစ်လက်စထဲ ကလေးတစ်သိုက်အတွက် powderရယ်၊ cat foodရယ် ဝင်ဝယ်ခဲ့ပါလား"
"မနက်က မေမေ ဝယ်မလာဘူးလား"
"မေ့ခဲ့တယ်တဲ့"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော်ပဲဝယ်ခဲ့တော့မယ်"
___________ရွှေတောင်ချွန်းရပ်ကွက်ကနေ ကားလေးနဲ့ဆင်းလာခဲ့ရင်း မြို့မဈေးဘက်ကို ဦးတည်လိုက်တယ်။ တောင်ကြီးဆိုတဲ့ မြို့လေးမှာ မြို့ပတ်လမ်းက အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းဆိုပြီး နှစ်လမ်းသာရှိတယ်။
ကောင်းကင်က မဲနယ်ရောင်နောက်ခံနဲ့ တိမ်တွေကတော့မီးခိုးနုရောင် အဖြူရောင်တွေ အစုလိုက် အစုလိုက်ပေါ့။ မြို့ထဲကားလမ်းပေါ်ရောက်တော့ ကားပြတင်းမှန်တွေကို ပိုချလိုက်မိတယ်။ တဖြူးဖြူးတိုက်နေတဲ့ ဆောင်းဦးလေပြေလေးကြောင့် အလိုလိုပြုံးနေမိတယ်။
YOU ARE READING
All Too Well [ U+Z ]
FanfictionUnicode မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ်။ Zawgyi မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီ OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ