END, Remember It All Too Well

468 67 12
                                    

.
UNICODE
.
.

1980 လောက်က သီချင်းတွေကို အတူအော်ဆိုရင်း မြို့ပတ်ကားမောင်းခဲ့တဲ့ ညနေ‌ခင်းတွေအကြောင်း၊

ရှပ်အင်္ကျီစင်တူဝတ်ပြီး ဒိတ်ခဲ့ကြတဲ့ နေ့လည်ခင်းတွေအကြောင်း၊

အနမ်းတွေ၊ ထွေးပွေ့မှုတွေ၊ အထိအတွေ့တွေနဲ့ ကျွန်မကို သူပိုင်ဆိုင်ခဲ့တဲ့ ညတချို့အကြောင်း၊

အဲ့ဒီအကြောင်းတွေ မတွေးမိအောင်ဘယ်လို နေရမလဲ။

အချိန်က ကုစားတယ်တဲ့။ ဘယ်လောက်ကြာရင် ကျွန်မ မေ့နိုင်မလဲ။

၁လ၊ ၂လ...
၁နှစ်၊ ၂နှစ်...

၂နှစ်ကြာချစ်ခဲ့တဲ့ သူနဲ့အတူ ဖန်တီးခဲ့တဲ့ မှတ်ဉာဏ်တွေက အရင်က သုံး၊ လေးနှစ်ကြာအောင်တွဲဖူးခဲ့တဲ့ ရည်းစားဟောင်းတွေနဲ့တုန်းကထက် အများကြီးပိုထိရှတယ်။ ပိုနက်ရှိုင်းတယ်။

တစ်သက်စာ နောက်ဆုံးအချစ်ပဲလို့ ရည်ရွယ်ပြီး၊ အစစ်အမှန်ဆုံး ပုံအောချစ်လိုက်တာ‌ကိုး။

ဒီလိုအချစ်မျိုးနဲ့ နောက်ထပ်ချစ်နိုင်ဖို့ဆိုတာ သိပ်ကိုခဲယဉ်းသွားပါပြီ။ ချစ်လည်း မချစ်ရဲတော့ပါဘူးလေ။   ကျွန်မ တစ်သက်မှာ အချစ်ကြောင့် ရုပ်ပျက်ဆင်းပျက်ပြိုလဲခဲ့ရတာ ဒီတစ်ခါ ပထမဆုံးနဲ့ အဆိုးရွားဆုံးပဲ။

ကျွန်မ မုန်းတယ်။
သီချင်းဟောင်းတွေကို မုန်းတယ်။
ဆောင်းဦးကို မုန်းတယ်။
သစ်ရွက်ကြွေတွေကို မုန်းတယ်။
ဒေလီယာကို မုန်းတယ်။
ချစ်ခြင်းကို မုန်းတယ်။
တောင်ကြီး တစ်မြို့လုံးကိုလည်း မုန်းတယ်။

ရှက်စိတ် နဲ့ နာကျင်မှုတွေကြားမှာ စောက်ရမ်းချစ်ရတဲ့လူကို အတင်းအကြပ်မေ့ပစ်နိုင်အောင် ကြိုးစားနေရတယ်။
နောက်ဆုံးမှာ အမေနဲ့ အစ်ကို့ကို အစ်မက ပြောပြလိုက်တယ်။ ဒေလီယာနဲ့ကျွန်မ ချစ်ခဲ့ကြကြောင်း၊ အဲ့နေ့ညက သူရောက်လာမယ် ကတိပေးခဲ့ပြီး ရောက်မလာတဲ့အကြောင်း။

"စူး အဆင်ပြေရဲ့လား" လို့ တတွင်တွင်မေးတာ ကျွန်မ အစ်မပဲ။

ဒီမြို့က လုပ်ငန်းရှင်အသိုင်းအဝိုင်းကြား သိက္ခာတွေလည်းကျခဲ့ပြီးပြီ၊ ခန့်ထည် လည်း နောက်ဆုတ်သွားခဲ့ပြီ။ ခန့်ထည် မိဘတွေအပါအဝင် ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ မျက်နှာပျက်စရာတွေလည်း ဖြစ်ခဲ့ရပြီ။ တစ်အိမ်ထဲနေတဲ့ ယောင်းမနဲ့လည်း မျက်နှာပူစရာဖြစ်ကုန်ပြီ။ အဖေကလည်း ကိုရီးယားကို ရရာလေယာဉ်နဲ့ အစောကြီးပြန်ထွက်သွားပြီ။ အဖေက ရှက်တယ်တဲ့လေ။

All Too Well [ U+Z ]Where stories live. Discover now