.
UNICODE
.
ဖတ်ပြီး vote & commentတော့ ပေးကြပါလားဟင်။ တစ်ရက်ထဲအများကြီး updateပေးနေတာကို :'((.
"စူးတို့အိမ်ကို ခဏခဏလာနေတဲ့ ကောင်လေးကဘယ်သူလဲ"
သူ မမေးလည်း ကျွန်မပြောတော့မလို့ပါပဲ။
"အဲ့တာ စိုင်းခန့်ထည်တဲ့၊ ယောင်းမရဲ့ မောင်ဝမ်းခွဲ"
"ဪ"
"လီလီ၊ စူးတို့ ရင်ဆိုင်ဖို့လိုပြီထင်တယ် လီလီရယ်"
"ထပ်ပြီးတော့ပြောပြန်ပြီ၊ ဘာဖြစ်လို့လဲ စူးရဲ့၊ အခုလည်း အဆင်ပြေနေတာပဲ"
"မေမေတို့ရယ်၊ အစ်ကိုနဲ့ယောင်းမရယ်က စူးကို စိုင်းခန့်ထည်နဲ့ သဘောတူထားကြတယ် လီလီ"
မျက်နှာပျက်သွားပြီး ကျွန်မဆီကနေ သူ့အကြည့်တွေကိုလွှဲပစ်ခဲ့တယ်။
"ကိုရီးယားက ဖေဖေကလည်း ဒီလထဲမှာခဏပြန်ရောက်လာဖို့ရှိတယ်။ ခန့်ထည်က ဖေဖေ့တပည့်ဆိုလည်းဟုတ်တယ်။ သူက စူးကို သဘောကျကြောင်း၊ ချစ်ကြောင်း စကားလမ်းခင်းထားတာ ဖေဖေကပါသိနေတော့ သဘောတူထားကြတယ်။ ဖေဖေပြန်လာရင် စေ့စပ်ပေးဖို့ထိပြောထားကြပြီ"
"စူးက မငြင်းဘူးလား"
"စူးမှာတခြားချစ်ရသူရှိရင် သူနောက်ဆုတ်ပေးမှာပါလို့ ခန့်ထည်ကပြောတယ်၊ စူးရဲ့ ချစ်သူကို သူတို့ရှေ့ချပြဖို့တော့လိုပြီပေါ့ လီလီရယ်"
သူ သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး ခေါင်းငုံ့ထားတယ်။
"လီလီရယ် တို့နှစ်ယောက် အတူရင်ဆိုင်ရအောင်လေ"
"စူး...ကျွန်တော်..."
"လီလီ စူးကိုချစ်တယ်မလား"
"ချစ်ပါတယ် စူးရယ်"
"ဒါဆို ရင်ဆိုင်ရအောင်လေ နော်၊ လီလီ့ အမေဘက် အသိုင်းအဝိုင်းကိုကြောက်နေရတာဆိုရင် အရင်ဆုံး စူးဘက်က အသိုင်းအဝိုင်းကို အသိပေးကြမယ်။ စူးရဲ့ မိဘတွေကတော့ ဒါကို လက်သင့်ခံမယ်လို့ မျှော်လင့်ချက်ရှိတယ်။ ပြီးမှ စူးရဲ့မိဘတွေနဲ့ လီလီ့အမေကို စကားပြောခိုင်း လူကြီးချင်းနားလည်အောင်ပြောခိုင်းတာပေါ့။ အဆင်ပြေမှာပါ"
YOU ARE READING
All Too Well [ U+Z ]
FanfictionUnicode မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ်။ Zawgyi မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီ OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ