.
UNICODE.
Must Listen
"အဲ့ဒီ ကုလားထိုင်ကိုလည်း ဘေးကပ်လိုက်မယ်"
"Ok! မီးတွေပိတ်လိုက်မယ်"
"မှောင်သွားမှာပေါ့"
"ရေခဲသေတ္တာတခါးဖွင့်ထားလိုက်"
"စူးက တော်တော်ဉာဏ်ကောင်းတာပဲ haha!"
ရေခဲသေတ္တာထဲက မီးရောင်လေးပဲရှိနေတဲ့ မီးဖိုချောင်ထဲ နှစ်ယောက်အတူ က ကြတယ်။ လီလီ ဒီည ကျွန်မအိမ်မှာပဲ ညဘက်ထိ sleep overနေတယ်လေ။ ညနေက Netflix and chillဖို့ အိမ်ခေါ်လိုက်တာပဲ။ ရုပ်ရှင်ပြီးတာနောက်ကျတော့ ညအတော်မိုးချုပ်သွားတယ်။ သူ့အမေနဲ့ အဒေါ်ကလည်း ကလောဘက် တစ်ညသွားစရာပေါ်လာတာမို့ ကျွန်မနဲ့ပဲ အိပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။
တကယ်ဆို ကျွန်မမေမေနဲ့ မမကလည်း ရန်ကုန်မှာ အလုပ်ကိစ္စထင်တာထက်ပိုကြာသွားတယ်လေ။ ဒါပေမဲ့ မနက်ဖြန်ပြန်ရောက်ကြပြီ။ ဒီတော့ ကျွန်မတို့ ဒီအိမ်မှာ နှစ်ယောက်ထဲ အချိန်ကုန်ခွင့်ရတာ ဒီညနောက်ဆုံးပဲလို့ပြောရမယ်။
ဒီကြောင်တောင်တောင် အိုင်ဒီယာကို ဘာလို့အကောင်အထည်ဖော်မိလည်း ကျွန်မလည်းမသိ။
လီလီက clubမသွားရတာ၊ မက ရတာကြာပြီပြောလို့ အိမ်မှာပဲ ကကြမယ်လေဆိုပြီး ညသန်းခေါင်ကြီး ကျွန်မတို့ ဒီလို ထလုပ်မိတာပါပဲ။ မီးဖိုခန်းအလယ်က စားပွဲကုလားထိုင်တွေကိုရွှေ့ပစ်ပြီး အတူကဖို့ နေရာအဖြစ်ပြောင်းလဲပစ်ခဲ့တယ်လေ။"ဘာသီချင်းဖွင့်မလဲ"
"လီလီ ကြိုက်တာရွေး၊ နည်းနည်းတော့အသံတိုးမှပဲ ဘေးအိပ်တွေ နိုးကုန်မှဖြင့် haha"
"အင်း၊ volumeကို ပုံမှန်ထက် နည်းနည်းထပ်လျှော့ထားလိုက်မယ်
"Ok, သီချင်းရွေးလိုက်တော့"
သီချင်းကို ခပ်တိုးတိုးပဲဖွင့်ခဲ့ကြတယ်။ သီချင်းသံလေးနဲ့အတူ ဖြေးဖြေးချင်းရွေ့လျားပြီး ကကြည့်ကြတယ်။ အစပိုင်း အနည်းငယ်မြူးတဲ့ သီချင်းလေးတွေ သူကရွေးဖွင့်တယ်။ ပေါက်ကရ ကကွက်တွေ ကပြီးလည်း စနောက် ရယ်မောကြတယ်။ ကျွန်မတို့ကလေ ပေါက်ကရဟာသတွေလုပ်ရင်လည်း သိပ်အတိုင်အဖောက်ညီတာပါဆို။

YOU ARE READING
All Too Well [ U+Z ]
FanfictionUnicode မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ်။ Zawgyi မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီ OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ