Curtains down.

525 59 8
                                    

UNICODE
.
.
Autumn leaves.

နွေဦးမှာ ခွေးလေးတစ်ကောင်ကိုက်တာခံရပြီး
ဒဏ်ရာရသွားတဲ့ ကြောင်လေးရယ်...

တောင်ပေါ်မြို့မှာ ရောင်ခြည်တန်းခပ်စူးစူးလေးကြောင့် ပွင့်လန်းလာတဲ့ ဒေလီယာပန်းလေးရယ်...

အဲ့ဒီနေ့က ညနေစောင်းတဲ့ထိ တိမ်တွေဟာ အဖြူရောင်စွန်းနေတုန်း...။

______________

Your future was me

နေ့ဘက်မှာ မြူးထူးသော အရိပ်များ
ညအခါတွင် ပေါင်းစည်းပါစေ။

အမှောင်ထု၏ ရှင်သန်ထမြောက်ခြင်းကို
ကောင်းချီးပေးရန် ငါ့မျက်လုံးတွေ
ညလုံးပေါက်ဖွင့်ထားပါရစေ။

အံဆွဲထဲကမာဖလာလေးပေါ် မှာ
မပြယ်နိုင်သော ကိုယ်သင်းနံ့လေးရှိသည်။
ဤအငွေ့အသက်များလည်း
ထာဝရတည်တံ့ပါစေ။
______________

Lost in translation.

သစ်ရွက်တွေကို ကြွေခွင့်ပြုပါတော့ ဆောင်းဦးလေ။

ပုံစံပြောင်းတာကိုရပ်ပါတော့ တိမ်ဖြူတွေ။

သွေးထဲက ပျားရည်တွေ အချိုပေါ့သတဲ့လား။

မခါးရင်ပဲ ကျေနပ်ပါတော့လေ။

ကြာရှည်မခံတဲ့ အနီရောင်တွေအကြောင်းလည်း
ထပ်မပြောကြကြေး။

____________

You broke me like a promise.

ပြတင်းတခါးဖွင့်ပေးပါ။
ဆောင်းဟေမန် ဝင်တော့မည်။ 

မီးခြစ်ဆံကို မီးညှိပါ။
လေတွေ တိုက်တော့မည်။ 

နှလုံးသားပန်းဥယျာဉ်ကို ပျိုးထောင်ပါ။
လိပ်ပြာတွေ ပျံတော့မည်။

ပြတင်းတခါးပိတ်သွားပြီ။
မီးခြစ်ဆံ မီးငြိမ်းသွားပြီ။
လိပ်ပြာတွေ သေသွားပြီ။ 

ဒေလီယာပန်းများပွင့်ချိန် နောက်ကျခဲ့ပြီလား?
______________

Remember it all too well.

ငိုကြွေးနေသော ကလေးငယ်ကို ချိုချဉ်ကျွေးလိုက်သည်။

All Too Well [ U+Z ]Wo Geschichten leben. Entdecke jetzt