.
UNICODE
.
.သူ့အိမ်ကို ပထမဆုံးရောက်တဲ့နေ့အကြောင်း ပြန်တွေးနေမိတယ်။ သူတို့အိမ်တက်ပွဲနေ့ပေါ့။
တောက်ပတဲ့အပြုံးနဲ့ ထွက်ကြိုတဲ့ သူ့ပုံစံက ကျွန်မရောက်လာလို့ သူသိပ်ကိုပျော်နေသလိုပဲ။
သူတို့အိမ်ဝန်းထဲဝင်လိုက်ချိန် တိုက်ခတ်လာတဲ့ လေပြေအေးလေးတစ်ချက်။အိမ်ထဲဝင်လိုက်ချင်းပဲ ကိုယ့်အိမ်ကိုယ်ရာလို သက်တောင့်သက်သာရှိလှတဲ့ခံစားချက်ဖြစ်လာတယ်။ ဘာလို့လဲတော့မသိပေမဲ့ သူနဲ့စတွေ့ထဲက ရင်းနှီးနွေးထွေးမှုလိုလို ခံစားချက်ကို ခံစားမိတယ်။
ဘဝမှာ တွေ့ရဖို့ စောင့်ခဲ့ရတဲ့၊ ရင်းနှီးရသူတစ်ဦးနဲ့ စုံစည်းရတဲ့ခံစားချက်မျိုးပေါ့။ Soulmateတို့၊ ကံကြမ္မာရေစက်တို့လို အရာမျိုးကိုဆို သိပ်စိတ်ကူးယဉ်တတ်တဲ့ ကျွန်မပါပဲ။
မဖြစ်သင့်ဘူးဆိုတဲ့ အတွေးမျိုးဝင်မလာသလို
ဘာကိုမှလည်း တွန့်ဆုတ်စိုးရွံ့ခြင်းမရှိခဲ့ပါဘူး...။%%%%%%%%$$$%%%%%%%
ဧည့်သည်တွေအကုန်ပြန်သွားချိန် သူ့အမေကကျွန်မကိုနှုတ်ဆက်တယ်။ ကျွန်မ စောစောသွားချင်ပေမဲ့ လီလီက လူရှင်းလောက်မှ အေးဆေးလာပါဆိုတာနဲ့ သူ့စကားပဲနားထောင်လိုက်ပါတယ်လေ။
"သမီးက စူးရောင်ခြည်မလား၊ မနေ့က လီယာလေးပြောပြတယ်"
"ဟုတ်ပါတယ်၊ တွေ့ရတာဝမ်းသာပါတယ်အန်တီ"
"ရောက်ရောက်ချင်း အသက်ရွယ်မကွာတဲ့သူငယ်ချင်းရလိုက်တာ သူ့အတွက်ကောင်းတာပါပဲ၊ လီယာက အပေါင်းအသင်းနည်းတယ်"
"မေမေကလည်း..."
အိမ်ရဲ့စင်တစ်ခုပေါ်က ဓာတ်ပုံအယ်လ်ဘမ်လေးကို ကျွန်မ ကြည့်မိတယ်။ ကုတင်အကြီးကြီးပေါ် မှာထိုင်နေပြီး မျက်နှာထက်ကြီးတဲ့ မျက်မှန်အကြီးကြီးကိုတပ်ထားတဲ့ ကလေးမလေးတစ်ယောက်။
"ဒါက လီယာလေးငယ်ငယ်က ပုံလေ"
သူ့အမေက ယူပြတော့ ကျွန်မ ကိုင်ကြည့်မိတယ်။ သူကတော့ပါးလေးတွေရဲလို့ ရှက်နေသလိုပဲ။ သူ ချစ်စရာကောင်းတယ်လို့ မတွေးပဲမနေနိုင်ဘူး။
YOU ARE READING
All Too Well [ U+Z ]
FanfictionUnicode မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ်။ Zawgyi မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီ OCပေမဲ့ ဇာတ်ကောင်၂ယောက်ကို LiSooလို့ မြင်ယောင်ကြည့်လို့လည်းရပါတယ