[Unicode]
"ကင်မ်..ထယ်..ယောင်း
လွန်ခဲ့တဲ့ ၆နှစ်က CAGUအဖွဲ့ကို စတည်ထောင်ခဲ့တာ မိန်းကလေးတွေရသင့်တဲ့အခွင့်အရေးအတွက် လှုပ်ရှားတဲ့အဖွဲ့အနေနဲ့ပေါ့ ထူးဆန်းတာက အဖွဲ့မှူးဖြစ်တဲ့သူရော Teammatesတွေ အားလုံးက ယောကျ်ားလေးတွေ ဖြစ်နေတာပဲ ဒါလဲ အကြောင်းရင်းတစ်ခုကြောင့်လို့ ပြောကြတာကြားဖူးတယ် သူက သိုဝှက်လွန်းတယ်လေ သူ့အကြောင်းကို သိပ်မသိကြဘူး စည်းကမ်းအရမ်းကြီးပြီး အကွက်စေ့တယ်
မင်းကတော့ ထီပေါက်တာပဲ"CAGU ဌာနကို လာတဲ့လမ်းတစ်လျှောက် မနေ့က အကိုဟိုဆော့ပြောတဲ့ စကားများကိုသာ ကြားယောင်လာသည်
အခန်းတံခါးကို ကြည့်ကာ လက်နှစ်ဖက်က လွယ်ထားတဲ့ကျောပိုးအိတ်ကြိုးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်
အဆင်ပြေသွားမှာ ငါက ဘယ်သူမို့လို့လဲ တစ်မိုးအောက်တစ်ယောက် ဂျွန်းဂျောင်ကုလေ
သက်ပြင်းတစ်ခုချပြီး အပြုံးတစ်ခုဖန်တီးကာ အခန်းတံခါးအားတွန်းဖွင့်လိုက်သည်
"မင်္ဂလာပါခင်ဗျ.."
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သူ့အားကြောင်ကြည့်နေကြသည့် လူတစ်စု
ဘာလဲ အခြေအနေကြီးက သက်တောင့်သက်သာမရှိလိုက်တာ
"ဟို ကျွန်တော်က တောင်ပိုင်းခရိုင်ရုံးက ပြောင်းလာတဲ့သူပါ ဂျွန်းဂျောင်ကုလို့ခေါ်ပါတယ်ဗျ.."
ဘာတုံ့ပြန်မှုမှမရှိကြသည့် အခြေအနေမို့ သူကသာ စတင်မိတ်ဆက်လိုက်သည်
"အိုး သိပြီသိပြီ အချောလေးပဲ ကိုယ့်နာမည်က ကင်မ်နမ်ဂျွန်း CAGUရဲ့ဦးနှောက်လို့ပြောလို့ရတယ်..."
"ကိုယ့်နာမည်က ပတ်ဂျီမင်း systemပိုင်းကို ကိုယ်ကိုင်တယ်"
"မင်.ယွန်း.ဂီ. ကွင်းဆင်းပြီးသဲလွန်စရှာတဲ့နေရာမှာအသုံးဝင်တယ်"
ကင်မ်နမ်ဂျွန်းနဲ့ပတ်ဂျီမင်းဆိုသူက ထိုင်ရာမှထပြီး သူ့အားဆွဲဖက်ကာ ဖက်လှဲတကင်းနှုတ်ဆက်သော်လည်း မင်ယွန်းဂီဆိုသူကတော့ ထိုင်ရာမှမထ လက်ထောင်ပြကာ စက်ရုပ်လိုရေရွတ်သွားသည်