[Unicode]
"ဝုန်း..."
"အာ့ ..."
"လွှတ်လိုက် လူဆိုးကြီး မေမေ့ကိုလွှတ်လိုက်"
ဝရုန်းသုန်းကားအခြေအနေတစ်ခုမှာ သူ့အမေကိုမထိခိုက်စေဖို့ အားကောင်းမောင်းသန် ယောက်ျားကြီးကို ခြေထောက်ကနေ ဆွဲဖက်ထားတဲ့ ကလေးလေးတစ်ယောက်
"အာ ကျစ် ဒီခွေးလေးက ဘာဝင်ရှုပ်တာလဲ!"
"ရှင် ကျွန်မသမီးကို ထိစရာမလိုဘူး.."
ကလေးကို ပြေးကန်တော့မယ့် ခြေထောက်ကို ရှိသမျှအားကုန်သုံးကာ သူမအတင်းဆွဲဖက်ထားလိုက်သည်
"ဖောင်း..."
လှည်ထွက်သွားတဲ့ မျက်နှာနဲ့အတူ ပါးစောင်းအတွင်းက စီးကျလာတဲ့ သွေးတွေ
ကန်လိုက်တဲ့အားက နည်းတာမှမဟုတ်ပဲ
"ဟင့် မေမေ အီးဟီး လူဆိုးကြီးကို ရဲနဲ့တိုင်မှာ.."
ကလေးလေးက အမေ့ကို စိုးရိမ်စိတ်နဲ့ ပြောလိုက်ခြင်းက ထိုလူကြီး၏ဒေါသကို ဆွပေးသလိုဖြစ်နေသည်
"ဟုတ်လား မင်းပထွေးတွေက ငါ့ကိုအရေးယူနိုင်မယ်ထင်လို့လား ဖြေစမ်း ဟိုကောင်မ နင်ပါဖြေ နင့်လင်ငယ်တွေ အားကိုးနဲ့ ငါ့ဆီက ထွက်ပြေးလို့ရမယ်ထင်နေလား.!."
"ဝုန်း....ခွမ်း...."
အိမ်မှာရှိသမျှ ပစ္စည်းတွေ စိတ်ကျေနပ်အောင်ရိုက်ခွဲပြီးတော့မှ အပြင်ထွက်သွားတော့သည်
ဒီလူ့ဒဏ်ကို ကြာကြာခံနေရင် သေဖို့ပဲရှိတော့တာမို့ သမီးလက်ကို တင်းတင်းဆွဲကာ ဖြစ်ချင်ရာဖြစ်ဟု သဘောထား၍ခြေလှမ်းတွေကို ဌာနတစ်ခုစီ ဦးတည်လိုက်သည်
~~~~~~~~~Break the silence ~~~~~~~~
"တီ ...တီ.... တီ..."
ခေါင်းရင်းက ထမြည်လာတဲ့နှိုးစက်ကို လက်နဲ့စမ်းပိတ်ပြီး ဂျောင်ကု အိပ်ယာထက် အကြောဆန့်လိုက်သည်
"ဂျွန်းဂျောင်ကု...မင်း မထသေးဘူးလား.. ပြောတော့ဖြင့် ဌာနမှူးကိုကြောက်ရတယ်လေး ဘာလေးနဲ့ မင်းလုပ်ပုံမျိုးနဲ့ဆို ဟိုက ဖနောင့်နဲ့ ပေါက်မလွှတ်တာ ကံကောင်း..."