[Unicode]
"Cheers...."
"Congratulations နမ်ဂျွန်း.."
"ဟာ မဟုတ်တာ ဒီကိစ္စမှာ ဂျောင်ကုက အဓိကပါဗျ ဟုတ်တယ်မလား ဂျောင်ကု.."
အကိုနမ်ဂျွန်းက သူ့ပုခုံးကို လှမ်းပုတ်ရင်း မေးလာတော့ ဌာနမှူးကို သူတစ်ချက်လှမ်းကြည့်လိုက်ကာ ခေါင်းအသာငြိမ့်ပြလိုက်သည်
ဌာနမှူးကတော့ ဘာကိုမှ အာရုံမရ သူ့ရှေ့က အရက်ခွက်ကိုသာ တည့်တည့်စိုက်ကြည့်နေသည်
"ဒီညတော့ အမူးသောက်ပစ်မယ် ဘယ်သူမှ အိမ်မပြန်ကြနဲ့နော်.."
" အိုခေ ဒါပြီးရင် နောက်တစ်နေရာ ထပ်သွားမယ် ဒီလအတွက် ပထမဆုံးနိုင်တဲ့အမှုပဲ ဒီလောက်တော့ ရင်းရမှာပေါ့.."
သောက်ဖို့အတွက် တက်တက်ကြွကြွ လူညီနေကြတဲ့ အကိုတွေကိုကြည့်ကာ ဂျောင်ကု ခေါင်းတစ်ချက်ယမ်းလိုက်သည်
ဆိုလိုသည်က သူမနိုင်ဘူးဆိုတဲ့သဘော"One shot နော် ဂျောင်ကုဂီး.."
အကိုဂျီမင်း ငှဲ့ပေးတဲ့ အရက်ကို လက်နှစ်ဖက်ဖြင့် ခံယူပြီးမှ သူမျက်လုံးပြူးရသည်
သူဒါနဲ့ဆို သောက်နေတာ တော်တော်များနေပြီလေ ဒီပုံစံအတိုင်းဆက်သောက်နေမယ်ဆို အိမ်ကို ခြေလက်ခေါင်းအစုံနဲ့ပြန်ရောက်ရင် ကံကောင်း
"အဟမ်း ငါထင်တာကတော့ မင်းဒီည အိမ်ပြန်ပြီး အားမွေးထားရမယ်ထင်တာပဲ မနက်စောစော ပြစ်ဒဏ်ခံယူရမှာဆိုတော့လေ.."
"ဟမ် ပြစ်ဒဏ်.."
"ဘယ်တုန်းက ငါတို့ဌာနမှာ ပြစ်ဒဏ်ဆိုတာ ရှိသွားတာလဲ.."
ဂျောင်ကုကတော့ ဌာနမှူးက ခွက်ဆွဲယူသွားလို့ ကျန်ခဲ့တဲ့အတိုင်းလေး လက်လေး လေပေါ် မြှောက်လျက်ပင်
"ဟုတ်တယ်လေ ဒီလိုကိစ္စမျိုးကို အထက်လူကြီးဆီတင်မပြပဲ သွားတာက အပြစ်မဟုတ်ဘူးလား ဟုတ်တယ်မလား ဂျွန်း ..ဂျောင်..ကု..ရှီ.."
အာဏာသိပ်ပြချင်နေတဲ့ ဌာနမှူးရဲ့ ခပ်ဩဩလေသံအောက်မှာ ဂျောင်ကုဟာလဲ အမိန့်နာခံလျက်ပါပဲ
"ဗျာ ...ဟုတ် ..ဟုတ်မယ်ထင်ပါတယ်.."
"အဲ့ဒါဆို လာ ထပြန်မယ်.."