Part 9

416 63 33
                                    

[Unicode]

"မင်္ဂလာပါ အခုရောက်ရှိနေတာကတော့ ဒီမနက် ၇နာရီကျော်လောက်မှာ လူသေမှုသုံးခုဆက်တိုက်ဖြစ်သွားတဲ့ Zippo clubရှေ့မှာပဲဖြစ်ပါတယ် လောလောဆယ် အာဏာပိုင်တွေက ဒီထိတ်လန့်ဖွယ်ရာ သုံးလောင်းပြိုင်လူသတ်မှုကို ဖြေရှင်းဖို့ကြိုးစားနေကြပေမယ့် လက်ရှိမှာတော့ မြင်တဲ့အတိုင်းပါပဲ အခြေအနေတွေက ထိန်းမရသေးတာမို့ မိဘပြည်သူများအနေဖြင့် မိမိအိမ်တွင် လုံခြုံဘေးကင်းစွာနဲ့ တီဗီရုပ်သံလိုင်းများမှတစ်ဆင့် သတင်းများကို စောင့်ကြည့်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်
ဟုတ်ကဲ့ အခုတင်ဆက်သွားတာကတော့ ×××ရုပ်သံလိုင်းမှ ပတ်××ဖြစ်ပါတယ်...."

အချိန်အားဖြင့် ၁၀နာရီကျော်နေပြီသော်လည်း နေရောင်ကောင်းစွာမရသေးတဲ့ အနေအထားမို့ ပတ်ဝန်းကျင်တစ်ခုလုံးအုံ့မှိုင်းကာ ငိုကြွေးနေကြသူတို့နှင့် အပြိုင် ကြေကွဲနေပုံရသည်

"ပြန်လျော်ပေး..!!!!နင်တို့သူဌေးဘယ်မှာလဲ ငါ့သမီးလေးအသက်ကို ပြန်လျော်ပေး...!"

မိန်းမကြီးတစ်ယောက်သည် ကြိုးများတားထားသည်ကိုပင် တိုးဝင်ကာ သမီးဇောဖြင့် ပူလောင်အော်ဟစ်နေရှာသည်

"ငါ့သားလေးကို သတ်တဲ့ကောင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး....!!!"

မြေကြီးပေါ် ခြေပစ်ထိုင်ကာ ခေါင်းစုတ်ဖွားနဲ့ အဒေါ်ကြီးဟာလဲ  အရူးတစ်ယောက်ဖွယ် ငိုယိုနေသည်

"ကျွတ် ကျွတ် သနားပါတယ် သေသွားတဲ့သုံးယောက်မှာ နှစ်ယောက်က မိသားစုရှိပေမယ့် ကျန်တဲ့တစ်ယောက်က တစ်ကောင်ကြွက်လေးလို့ပြောတယ် မြေချတာတောင် လိုက်မယ့်သူရှိပါ့မလားမသိဘူး.."

ပတ်ဝန်းကျင်သည် ထိုသို့ ထောပနာပြုတတ်ကြသေးသည်

"အားလုံးပဲ ကျွန်တော်တို့ စစ်ဆေးစရာလေးတွေရှိသေးလို့ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပါပြီ..."

ရဲမှူးတစ်ယောက်၏ဆော်ဩသံအဆုံးတွင် တီးတိုးတီးတိုးဖြင့် လူစုဖွဲ့နေကြသော လူအုပ်ကြီးသည် ခဏချင်းပင် အသီးသီး ပြန်သွားကြသည်

"ဒီက အစ်မကြီးတို့လဲ အိမ်ပြန်ပြီးနားလိုက်ကြပါဦး အခုလို လုပ်နေတာက ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပါ.."

BREAK THE SILENCE : kthjjkWhere stories live. Discover now