[Unicode]
"ဆရာ သခင်လေးပြန်ရောက်နေပြီ.."
ခြေသံနီးကပ်လာတာနဲ့အမျှ ထယ်ယောင်းရော ဂျောင်ကုပါ အသက်ရှုရပ်မတက် အသက်အောင့်ထားမိသည်
လိုက်ကာအား ဆွဲဖွင့်ရန် စက္ကန့်ပိုင်းအလိုလောက်မှာပင် အလောတကြီးပြေးဝင်လာသောလူတစ်ယောက်ကြောင့် လိုက်ကာအား လှမ်းနေသော လက်တို့သည် ချက်ချင်းဆုတ်သွားသည်
ဘွတ်ဖိနပ်သံတရှပ်ရှပ်နဲ့အတူ တံခါးပိတ်သံအား ကြားလိုက်ရတော့မှ နှစ်ယောက်သား သက်ပြင်းအတူတူချမိတော့သည်
"မင်းက ဘယ်နေရာမှ သုံးစားလို့ကိုမရဘူး.."
ထယ်ယောင်းသည် လည်ပင်းရှိနက်ခ်တိုင်အား ပြေလျော့စေရန် အလိုငှာ ဆွဲဖြုတ်ရင်း ပြောသည်
သူဘယ်လောက်ပြောပြောရှေ့ကကောင်လေးကတော့ မထုံတတ်သေးလေး
မျက်လုံးဝိုင်းကြီးများဖြင့် မျက်စောင်းလှလှလေးပင် ထိုးလိုက်သေးသည်မသိသူများက မြင်လျှင် သူက အထက်လူကြီးလား ကိုယ်က အထက်လူကြီးလားဆိုတာကို ပြန်မေးယူရမည့်အဖြစ်ပင်
နှစ်ယောက်သား လိုက်ကာနောက်ကမထွက်ပဲ အကြည့်ချင်းစစ်ခင်းနေကြတုန်း တံခါးဖွင့်သံထပ်ကြားလိုက်ရသည်မို့ ခါးတွေ ချက်ချင်းမတ်သွားကာ နားစွင့်လိုက်သည်
အထဲဝင်လာသည့် ဖိနပ်သံမကြားပဲ အပေါက်ဝမှာပင် ရပ်သွားသည့် အသံဖြစ်သည်
ဂျောင်ကုက မျက်ခုံးတစ်ဖက်ပင့်ကာ ရှေ့ရှိထယ်ယောင်းအား မေးခွန်းထုတ်သည်
ဌာနမှူးဟု အမည်ရသော ကင်မ်ထယ်ယောင်းသည်လည်း ပုခုံးနှစ်ဖက်တွန့်ပြကာ မသိကြောင်းပြသည်
ခဏအကြာတွင် မီးရောင်တစ်ခုသည် ဟိုဟိုဒီဒီလျှောက်ထိုးကာ သူတို့လိုက်ကာအနီးတွင် ရပ်သွားသည်
ရုတ်တရက်မို့ လန့်သွားသော ဂျောင်ကုသည် ကိုယ်ကိုကျုံ့ကာ ထယ်ယောင်းနားသို့ ဆွဲမခေါ်ပါပဲ တိုးကပ်လိုက်သည်
"လူရှိလား...?... လူရှိလား..."
"ဒီမှာရှိ....ဟာ ဦးလေးကြီး လူရှိပါတယ်ဆို ဦးလေးကြီး.....!!"