[Unicode]
"Joe..."
ထို Joeဆိုသောလူသည် ထယ်ယောင်းတို့အား ကျောပေးကာ လီဆွန်းဟို ရှေ့ရပ်လိုက်သည်
"မင်း ဘယ်ပျောက်နေတာလဲ အဲ့နေ့က ကိစ္စ ဖြစ်ပြီးကတည်းက မင်းကို မတွေ့တော့ဘူး..."
"လုပ်စရာလေးတစ်ခုကျန်နေသေးလို့ ကုမ္ပဏီကို ထွက်သွားတာ နောက်ဆို ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေ အိမ်ပေါ်ခေါ်မလာနဲ့"
ဆွန်းဟို စကားကို ထို Joeဆိုသောလူသည် ထယ်ယောင်းတို့အဖွဲ့အား တစ်ချက်စောင်းငဲ့ကြည့်ကာ ပြန်ဖြေသည်
Joeသည် ဗလတောင့်တောင့် အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့်လူစားပင်
ဆွယ်တာ အနက်ကို လည်ပိတ်ဝတ်ထားပြီး ဆွန်းဟို အိမ်ကို သူ့အိမ်သူ့ယာလိုမျိုး သဘောထားပြောဆိုနေသည်
ထိုလူနှင့် လီဆွန်းဟိုသည် မည်သို့မည်ပုံတော်စပ်သနည်း
ထယ်ယောင်း မျက်နှာရိပ်ပြလိုက်တော့ နောက်က အဖွဲ့သားတွေက လျင်မြန်စွာပင် ခေါင်းငြိမ့်ပြသည်
"Zippo club.."
ထယ်ယောင်း စကားသံထွက်လာတော့ ဆွန်းဟို လှည့်ကြည့်သည်
"အဲ့ clubမှာ ဘာတွေရှိလဲ..."
"ဟားဟား club ဆိုမှတော့ ဘာရှိရမှာလဲကွ... အလုပ်တွေအရမ်းလုပ်လွန်းတော့ ဘာကိုမှ မသိတဲ့အထိ ဖြစ်သွားပြီလား.."
ထယ်ယောင်းရဲ့ စကားကို ဆွန်းဟိုက ဟားတိုက်ရယ်ကာ ပြောသည်
"ငါတို့ ဝင်ရှာလဲ ပြသာနာတော့မရှိပါဘူးနော်..."
"Sure ဘော်ဒါအရင်းကြီးတွေမို့ ရှာဖွေခွင့်ဝရမ်းမပါလဲ ဝင်ခွင့်ပေးလိုက်မယ် ပြီးတော့ ငါကမဟုတ်တာလဲ လုပ်မထားတော့ ကြောက်စရာလိုမနေဘူးလေ.."
လီဆွန်းဟိုက ယုံကြည်ချက်အပြည့်ဖြင့်ပြောလာသော်လည်း ကင်မ်ထယ်ယောင်းက မဲ့ပြုံးတစ်ချက်ဖြင့်သာ တုံ့ပြန်ကာ ပြန်လှည့်ထွက်ဖို့ပြင်သည်
"အိုး နေဦး ဒါလေးက အသစ်လား...အာ့ အာ့ ..."
တစ်ဖွဲ့လုံး ပြန်ဖို့ ပြင်နေတုန်း လီဆွန်းဟိုက ဂျောင်ကုလက်ကို လှမ်းဆွဲလိုက်တာကြောင့် ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်တတ်နေတာမို့ လီဆွန်းဟိုလက်ကို လိမ်ဆွဲပြီးသားဖြစ်နေသည်