[Unicode]
"Zippo club..."
လက်ထဲက cardလေးကို ကိုင်ပြီး ဂျောင်ကု တိုးတိုးလေးရေရွတ်လိုက်သည်
"ဘယ်လို clubကများ ဒီလိုကြောင်တောင်တောင်နာမည်မျိုးပေးပါလိမ့်.."
တွေးရင်းငေးရင်း တက္ကစီးတစ်စီးလာသည်ကိုတွေ့တာကြောင့် အလျင်အမြန်လှမ်းတားလိုက်သည်
"ဘယ်သွားမလဲ ခင်ဗျ.."
"ဟို ဟိုလေ..."
Clubမတက် barမသွားခဲ့တဲ့ အူရိုင်းတုံးလေးဂျောင်ကုမှာ ဖြေရမှာကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုရာခရီးကိုမရောက်
"ဘာလဲ motel လား.."
"ဗျာ မဟုတ် မဟုတ်ပါဘူးဗျာ.."
ဂျောင်ကုဖြေရခက်နေပုံကိုကြည့်ပြီး ကားသမားက သဘောပေါက်သွားဟန်ဖြင့် ပြောချလာသည့်စကားကြောင့် ဦးနှောက်များပင် ကျဉ်သွားသလို ခံစားလိုက်ရသည်
"Zip ...zippo clubကို သိလားမသိဘူး.."
"အော် အဲ့နေရာလား သိတာပေါ့ဗျာ အဲ့clubကို တစ်နေ့တစ်နေ့သွားတဲ့လူတွေတင် seoul မြို့တစ်ဝက်လောက်ရှိတယ် အဲ့clubက နာမည်ကြီးပဲလေ ဝန်ဆောင်မှုပဲကောင်းလို့လား ဘာလို့လဲတော့ မသိဘူး ထိပ်သီးပိုင်းက လူတွေကအစ အဲ့မှာပဲဆုံကြတာ.."
ထိုလူပြောသည့် စကားကြောင့် ဂျောင်ကုပိုစိတ်ဝင်စားသွားရသည်
ထိပ်သီးပိုင်းကလူတွေက ဒီလို အညတရclub မျိုးမှာ စုဝေးကြသည်တဲ့လား
ဘယ်အရာကများ ထိုclubအား နာမည်ကြီးစေသနည်းClubထဲ စဝင်လိုက်တော့မှ အထင်နဲ့အမြင် တခြားစီဖြစ်မှန်း သိလိုက်ရတော့သည် အပြင်ပိုင်းကသာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ clubပုံစံဖြစ်ပြီး အတွင်းပိုင်းတွင်တော့ တခြားclubတွေလို လူတွေရှုပ်ထွေးဆူညံနေခြင်းမရှိ
အနက်ရောင်တံခါးချပ်ကြီးများဖြင့် အရှိန်အဝါတစ်ခုက တောက်ပလျက်ရှိသည်"မင်္ဂလာပါ ခင်ဗျ ဘယ် room နဲ့များ ချိတ်ထားလဲမသိဘူး.."
Club အဝင်ဝတွင် ဂျောင်ကု ကြောင်ရပ်နေတုန်း လာမေးတဲ့ waiterလေးတစ်ယောက်ကြောင့် ဖြေရခက်သွားသည်