"ပြီးကြပြီမလား။Hotel သွားဖို့ ကားအဆင်သင့် ဖြစ်နေပြီနော် ကောင်မလေးတို့။အနောက်ဖက် တံခါးကနေ ထွက်ကြရအောင်"
သူမတို့ တစ်ဖွဲ့လုံးရဲ့ မန်နေဂျာကြီးက ဆော်ဩလိုက်တာမို့ ခပ်မြန်မြန်ပင် ပြင်ဆင်လိုက်ကြသည်။ ည ၁၁နာရီ ထိုးတော့မည်မို့ ပြောမပြတတ်အောင် ပင်ပန်းနေကြပြီ မဟုတ်လား။
"တစ်ယောက်ခန်း လေးခန်း စီစဉ်ထားတယ်။ခေါင်မိုးထပ်ကို ယူထားတယ်။ဒီတစ်ညတော့ အနားယူလိုက်ဦး။မနက်ဖြန် concert တစ်ခုအတွက် ဘာမှ မတွေးကြနဲ့။stress များရင် မကောင်းဘူး။အဓိက ..Jennie...စိတ်အေးအေးထား။ok."
မန်နေဂျာကြီး ပြောသမျှ ကို ခေါင်းညိမ့်ပြရင်း အနောက်ဖက်တံခါးက ကားဆီသို့ ခပ်မြန်မြန် ထွက်ခွာခဲ့ကြသည်။
တချို့သော Fan တွေက အနောက်ဖက်အထိ လာစောင့်တာမျိုး ရှိတတ်သည်လေ။
ညနက်ပြီး မောပန်းနေသည်မို့ မြန်မြန် အနားယူဖို့ကိုသာ တွေးနေကြသည်ပဲ။Hotel ခေါင်မိုးထပ်ကို ရောက်တော့ အခန်းအသီးသီးတွင် ကိုယ်စီ နေရာယူလိုက်ကြသည်။
လေးခန်းတွဲလျက် အခန်းများတွင် Rosè က အစွန်ဆုံး ။
Jisoo က Rosèနံဘေးခန်း ။
Jennie က Jisoo ဘေး Lisa က Jennie နံဘေးက အစွန်ဆုံးအခန်း။အခန်းအရှေ့က ဖြတ်လမ်းများတွင် CCTV များက 24 နာရီ စောင့်ကြည့်လျက်။
အထူးသဖြင့် သူမတို့ကို ပိုဆိုးမည်။အခန်းတွင်း အဝင်အထွက်ကို မပြတ် စောင့်ကြည့်နေကြမည် မဟုတ်လား။
အတွေးများနှင့်အတူ Lisa တစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်နှာသစ်ရန် ပြင်ဆင်လိုက်သည်။
မနက် စောစောထ ၍ ရေချိုးရမည်။
အခန်းတွင်း Air corn ကြောင့် အေးစိမ့်နေသည်ပဲ။
ကျန် သုံးယောက်ကတော့ အိပ်ယာမဝင်ခင် ရေအမြဲ ချိုးတတ်သော်လဲ Lisa က
ထိုအကျင့်မရှိ။"Ting ...Tong..Ting ...Tong"
ရုတ်တရက် ထွက်ပေါ်လာသော Bell သံကြောင့် ကြောင်အ သွားကာ တံခါးဆီသို့ရေစက်လက်နှင့် အပြေးသွားပြီး
ချောင်းကြည့်ပေါက်မှ ကြည့်မိလိုက်သည်။"Jennie Unnie!"
အာမေဍိတ် သံနှင့်အတူ တံခါးကို ဖွင့်ပေးလိုက်တော့ သဘက် အကြီးကြီးကို ခြုံထားသော Jennie က အခန်းထဲ အပြေးတပိုင်းဝင်လာသည်။

VOCÊ ESTÁ LENDO
အချစ်နဲ့ လက်တစ်ကမ်း(Completed)
Fanficကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။