#Unicode
"အဲ့တော့ သူက နင်ဟိုတစ်ခါပြောတဲ့ Shineစာပေတိုက်ပိုင်ရှင်ပေါ့""အင်း... "
"မထင်ရဘူးနော်... "
ခရမ်းစကားကြောင့် ဝိုင်ကားမောင်းနေရာကနေ ခရမ်းကိုတစ်ချက်ငဲ့ကြည့်လိုက်သည်... ထိုအခါ ခရမ်းက မချိုမချဉ်ပြုံးပြကာ
"ဪ... ငါက နင်ဟိုတစ်ခါပြောတာကိုနားထောင်ပြီး သူကို အသက်ကြီးကြီး ထိပ်ပြောင်ပြောင်အဖိုးကြီးထင်နေတာ... တကယ်က အရပ်ရှည်ရှည် ဘော်ဒီမိုက်မိုက်နဲ့ သန့်ခန့်နေတဲ့လူငယ်တစ်ယောက်ဖြစ်နေတယ်လေ... "
ဝိုင် ကားကိုအာရုံစိုက်ကာပြန်မောင်းလိုက်ပြီး ခရမ်းကိုတော့ ပြုံး၍သာ တုန့်ပြန်လိုက်သည်... ထိုအခါ ခရမ်းက ဝိုင်လက်မောင်းကအင်္ကျီစကိုဆွဲကာ
"ဝိုင်... နင်ငါ့ကိုစိတ်ဆိုးနေပြီလားဟင်?"
ထိုအခါ ဝိုင် ခရမ်းကို နားမလည်သလို လှည့်ကြည့်လိုက်မိသည်...
"ငါက အရမ်းစိတ်ပျက်စရာကောင်းတယ်မလား?... "
ဝိုင့်ကိုပြောပြီးတာနဲ့ လက်ဖဝါးနှစ်ဖက်ကိုပေါင်ပေါ်မှာစုတင်ကာ ပွတ်ချေနေ၍ ခေါင်းငုံ့တိတ်ဆိတ်သွားတဲ့ခရမ်း... တိုက်ဆိုင်စွာ ဝိုင်တို့ရောက်နေတာတဲ့နေရာကလည်း ကားရှင်းတဲ့နေရာမို့ အချက်ပြ၍ ကားကိုလမ်းဘေးချရပ်ပြီး ခရမ်းဘက်လှည့်ထိုင်ကာ
"ငါက ဘာလို့ အဲ့လိုအဲ့လိုထင်ရမှာလဲခရမ်းရဲ့?... "
ထိုအခါ ခရမ်းကို ဝိုင့်ကိုမဝံ့မရဲပြန်မော့ကြည့်ပြီး
"ငါကမပြတ်သားဘူးလေ... ပြီးတော့ ပျော့ညံ့တယ်... ကျော်နဲ့ငါ့ကိုကြည့်ပြီး နင်အဲ့လိုတွေးမိမှာပေါ့"
"မဟုတ်သေးပါဘူးဟာ... နင်အဆင်ပြေသွားတာကို ငါကဝမ်းတောင်သာသေးတယ်... ဘာလို့ နင်ထင်သလိုပေါက်ကရတွေ လိုက်တွေးနေရမှာလဲ?... ဒီမှာခရမ်း... ငါနင့်ကိုပြတ်သားစေချင်တယ်ဆိုတာက ကျော်စည်က နင့်အပေါ်မှာသစ္စာမရှိဘူးလို့ငါထင်ခဲ့လို့လေ... အခု နင်တို့အချင်းချင်းသေချာဖြေရှင်းပြီးလို့ အဆင်ပြေသွားတယ်... ကျော်စည်ကလည်းနင့်ကိုကတိတွေအထပ်ထပ်ပေးတယ်... နင့်ကလည်းသူ့ကိုအခွင့်အရေးထပ်ပေးတယ်... အရေးအကြီးဆုံးက နင်သူ့ကို မစွန့်လွှတ်နိုင်ဘူးမလား?... နင်အခုရွေးချယ်လိုက်တာက နင်တကယ်ဖြစ်ချင်တာဆိုရင် ပြီးတာပဲလေ... နင်အဆင်ပြေဖို့ နင်ပျော်နေဖို့ပဲလိုတာပါဟာ... ငါကလည်း နင်သာအဆင်ပြေနေမယ်ဆို ဘာဖြစ်ဖြစ်အားပေးပြီးသားပဲ... ပေါက်ကရတွေမတွေးစမ်းပါနဲ့..."
BẠN ĐANG ĐỌC
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)
Lãng mạnMy Own Creation### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode သံယောဇဉ်နှောင်ကြိုးအထပ်ထပ်နဲ့ ရစ်ပတ်နှောင်တွယ်ခြင်းခံထားရသော ကျွန်တော် ကျွန်မတို့၏ နှလုံးသားတစ်စုံ၌ ချစ်ခြင်းမှတစ်ပါး အခြားမရှိတော့ပါ... ...