#Unicode
'တီ' 'တီ'ခြံထဲမှာ အေးအေးလူလူ စာထိုင်ရေးနေတဲ့ ဝိုင် ကားသံကြားလို့ လှည့်ကြည့်မိသည်... ပေါ်တီကိုအောက်အထိမောင်းချသွားတဲ့ကားက ရိုင်းရဲ့ငယ်သူငယ်ချင်း ဧရာ့ကားမှန်းသိနေတော့ ရေးလက်စ စာကိုsaveလုပ်ပြီး laptopကိုသိမ်းကာ အိမ်ဘက်သို့လျှောက်လာခဲ့သည်... ဧည့်ခန်းထဲဝင်လိုက်တာနဲ့ ဧရာ့ကို ရွှန်းရွှန်းဝေစွာဧည့်ခံနေတဲ့ဒေါ်လေးက လက်ထဲမှာလည်း လီလီပန်းစည်းကြီးကိုပွေ့ကိုင်ထားသေးသည်...
"ဟော... မီးမီးလာပြီ...
ဒီမှာ ဧရာက သူ့ခြံထဲကလီလီတွေ ဘုရားပန်းတင်ဖို့ယူလာလေရဲ့... ဒေါ်လေး ပန်းတွေသွားထားရင်း ဧရာ့အတွက်တစ်ခုခုလုပ်လိုက်အုံးမယ်... သူငယ်ချင်းကိုဧည့်ခံလိုက်အုံး...
သား... မီးမီးနဲ့စကားပြောနေအုံးနော်"
ဒေါ်လေးက ဝိုင့်ကိုတစ်လှည့် ဧရာ့ကိုတစ်လှည့်ပြောပြီး ပန်းစည်းမကာ ထွက်သွားသည်... ဝိုင် ဒေါ်လေးထိုင်ခဲ့တဲ့ခုံမှာထိုင်ချလိုက်ပြီး ဘေးခုံမှာlaptopကိုတင်လိုက်သည်...
"နင်တို့တွေအိမ်မရောက်တာအတော်တောင်ကြာနေပြီ... ခု ရိုင်းမရှိတော့မှ ဘာကိစ္စ?"
ရိုင်းသူငယ်ချင်းဆိုပေမယ့် ဝိုင်နဲ့လည်း ရင်းနှီးကြတဲ့သူငယ်ချင်းဆိုတော့ ဧရာနဲ့သူမက လွတ်လွတ်လပ်လပ်ပြောဆိုနေကြ... ထိုအခါ ဧရာက ဝိုင့်ကိုတရားခံကြည့်သလို မချိုမချဉ်ကြည့်ပြီး
" 'နှမ'မပေး ယောက်ဖက အဝေးကနေ ကြိမ်စကြာနဲ့ အပို့လွှတ်လိုက်လို့ရောက်လာတာဟေ..."
ပြောရင်းနဲ့ ထိုင်ရာကထ၍ အိမ်ရှေ့ဘက်ထွက်သွားတဲ့ဧရာ့ကို ဝိုင် အထူးအဆန်းနဲ့လိုက်ကြည့်နေမိပေမယ့် သူ့နောက်တော့ထလိုက်မသွားပါ... ခဏအကြာမှာ ကားတံခါးဖွင့်သံ ပိတ်သံတွေထွက်လာပြီး ဧည့်ခန်းထဲပြန်ဝင်လာတဲ့ ဧရာက နေကြာပန်းစည်းတစ်စည်းကို လက်ထဲကိုင်လာသည်...
"ရော့"
ထို့နောက် ဝိုင့်ရှေ့လာရပ်ပြီး သူ့လက်ထဲကပန်းစည်းကို ထိုးပေးနေတော့ ဘာအကြောင်းနဲ့ပေးမှန်းမသိသေးပေမယ့် ကိုယ့်အကြိုက်နေကြာပန်းတွေဆိူတော့ လှမ်းတော့ယူထားလိုက်သည်... အဲ့တော့မှ ဧရာကထိုင်ခုံမှာပြန်ထိုင်ပြီး
BẠN ĐANG ĐỌC
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)
Lãng mạnMy Own Creation### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode သံယောဇဉ်နှောင်ကြိုးအထပ်ထပ်နဲ့ ရစ်ပတ်နှောင်တွယ်ခြင်းခံထားရသော ကျွန်တော် ကျွန်မတို့၏ နှလုံးသားတစ်စုံ၌ ချစ်ခြင်းမှတစ်ပါး အခြားမရှိတော့ပါ... ...