#Unicode
ဝိုင်နဲ့ဒေါ်လေး ပြောခဲ့သောစကားများကို ခံစားချက်အမျိုးမျိုးဖြင့် ရိုင်းအား ပြန်လည်ပြောပြမိပြီးနောက်မှာ... ရိုင်းဆီကနေ "သူ့ရဲ့တစ်ဦးတည်းသောအရင်းနှီးဆုံးသူစိမ်းက 'ဝိုင်'" ပါဆိုတဲ့ ထိရှကြည်နူးဖွယ်စကားနှစ်ခွန်းကို ဆိုလာခဲ့သလို... နွေးခနဲဖြစ်သွားတဲ့ဝိုင့်နှုတ်ခမ်းတစ်စုံနဲ့အတူ ဝိုင့်နှလုံးသားလေးပါ အရည်ပျော်ကျသွားတော့မတတ်ခံစားလိုက်ရသည်... နှုတ်ခမ်းနှစ်စုံတို့စက္ကန့်ပိုင်းလေးထိကပ်သွားတဲ့ကာလလေးက ဝိုင့်အတွက်တော့ အချိန်တွေအကြာကြီးရပ်တန့်သွားသကဲ့သို့...ကျောက်ရုပ်သဖွယ်ငြိမ်သက်ရင်း ရိုင်းကို တအံ့တသြငေးကြည့်နေမိပေမယ့် နှုတ်ခမ်းတို့ပြန်ကွာသွားပြီးနောက် ဝိုင့်မျက်နှာကို ပြီတီတီကြည့်၍ ပြောချလိုက်သောစကားက
"ငါ့နှုတ်ခမ်းတွေ နွေးနေလား"...
ရုတ်တရက်ဆိုတော့ ဝိုင် ဘာပြန်ဖြေရမှန်းမသိပဲ သူ့ကိုသာမော့ငေးကြည့်နေတော့ ရိုင်းက သူ့နှုတ်ခမ်းသူ လက်နဲ့စမ်းပြီး
" နင့်နှုတ်ခမ်းတွေထက် ငါ့နှုတ်ခမ်းတွေက တော်တော်လေးပူနေတာဆိုတော့ ငါပြန်ဖျားနေပြီထင်တယ်"
အဲ့တော့မှ ဝိုင့်လည်း သူ့ကိုမယုံနိုင်သလိုကြည့်၍ တစ်ခုခုမေးဖို့ကြိုးစားပေမယ့် ထွက်လာသောစကားများက
"နင်... နင်... နင်....."
"ငါဘာဖြစ်လို့လဲ?... ခုနက အဖျားတိုင်းကြည့်တာလေ... ငါဟိုတစ်နေ့ကpostတစ်ခုမှာ နှုတ်ခမ်းချင်းထိပြီးအပူချိန်တိုင်းတဲ့ထူးထူးဆန်းဆန်းနည်းလမ်းကိုတွေ့ထားတာ... အခုစမ်းသပ်ကြည့်တော့မဆိုးပါဘူး... အဆင်ပြေသားပဲ..."
ဝိုင် ဒေါသထွက်လွန်းလို့စကားတွေတောင်ထစ်ကုန်၏.. ဝိုင့်ရဲ့အနှစ်နှစ် အလလထိန်းသိမ်းခဲ့ရတဲ့ first kissလေးကို ဒင်းက... ဒင်းက အဖျားတိုင်းကြည့်တာတဲ့... ဘယ်လောက်တောင် ကျက်သရေတုံးသလဲ... ဘယ်လောက်တောင် မခံချင်စရာကောင်းလိုက်သလဲ... တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးခဲ့မိသမျှ ဒင်းက အဖျားတိုင်းသွားတာပါတဲ့... အခြေအမြစ်မရှိတဲ့ပေါက်ကရစကား... ဝိုင် သူ့ကိုပဲထသတ်ရမလား... တစ်ခုခုကိုမျှော်လင့်နေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲရှက်ရမလားမသိတော့၍ ကိုယ်ချင်းထပ်တော့ဖြစ်နေတဲ့ရိုင်းကိုတွန်းကာ ထိုင်နေရာမှချက်ချင်းထရပ်လိုက်သည်...
YOU ARE READING
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)
RomanceMy Own Creation### both Zawgyi&Unicode### cover Photo is not mine### all credits to original owner### #Unicode သံယောဇဉ်နှောင်ကြိုးအထပ်ထပ်နဲ့ ရစ်ပတ်နှောင်တွယ်ခြင်းခံထားရသော ကျွန်တော် ကျွန်မတို့၏ နှလုံးသားတစ်စုံ၌ ချစ်ခြင်းမှတစ်ပါး အခြားမရှိတော့ပါ... ...