681 42 7
#Unicode
ဝိုင် ရေပန်းကိုပိတ်လိုက်ပြီး ဘေးကစင်မှာတင်ထားတဲ့ bathrobeကိုယူဝတ်လိုက်သည်... ထို့နောက် ရေချိုးခန်းတံခါးဖွင့်၍ ထွက်လိုက်တော့ တံခါးဝတည့်တည့်က အိပ်ရာပေါ်မှာ ကုတင်ဘောင်ကိုကျောမှီ၍ လက်ပိုက်အိပ်နေသောရိုင်း...
ရုတ်တရက်ဆိုတော့ ဝိုင်အံ့ဩသွားပြီး နေရာမှာ မလှုပ်မယှက် ရပ်နေမိသလို ကုတင်ပေါ်က ရိုင်းမျက်လုံးတွေကလည်း တဖြည်းဖြည်းချင်းပွင့်လာသည်... ထို့နောက် ဝိုင့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ဝိုင့်လည်ပင်းမှာ မျက်လုံးတွေကိုရပ်သည်...
ရိုင်းအကြည့်တွေအောက်မှာ ဝိုင့်လည်တိုင်ရဲ့ တစ်နေရာသောနေရာလေးမှ ရုတ်တရက်ပူထူလာသလိုခံစားလိုက်ရသလို ဝိုင့်လက်က ထိုနေရာလေးကို အလိုလိုလှမ်းပွတ်မိသည်... တစ်ယောက်တည်း အမျိုးမျိုးဖြစ်နေတဲ့ ဝိုင့်ရှေ့မှ ရိုင်းကတော့ နှုတ်ခမ်းတွေက ကော့တက်လာသလို အကြည့်တွေက အခုထိ ဝိုင့်လည်တိုင်လေးကိုပဲ စူးစိုက်ကြည့်နေဆဲ...
သူငယ်ချင်းတွေက ဝိုင့်အခန်းမှာ ရေချိုးကြတော့ ဝိုင်လည်း အချိန်ကုန်သက်သာအောင်ဆိုပြီး ရိုင်းအခန်းထဲမှာ လာချိုးမိသည်... ရိုင်းက မနေ့ညနေက ဝိုင်တို့ ပြန်မလာခင်ကတည်းက Beatriceကိုပြန်သွားခဲ့တာဆိုတော့ ရိုင်းပြန်မလာတော့ဘူးလို့ ဝိုင်အပိုင်တွက်ထားတာကြောင့်လည်းပါသည်... ထို့အပြင် အရင်ကလည်း ဝိုင့်ရေချိုးခန်းထဲရေပူမလာရင် ဒီလိုပဲ ရိုင်းအခန်းမှာ ဝင်ချိုးနေကြ... အခုတော့ ရိုင်းက ထူးဆန်းစွာနဲ့ အိမ်ကပ်နေပြန်ပြီ...
ဝိုင် အတွေးပဒေသာနဲ့ ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ ရိုင်းက ဝိုင့်ရှေ့ကို လျှောက်လာသည်... ထို့နောက် ဝိုင့်ခေါင်းမှာ ခုထိမချွတ်ရသေးတဲ့ shower capကိုဆွဲချွတ်လိုက်သည်... ထိုအခါ လုံးထွေးစုသိမ်းထားတဲ့ ဝိုင့်ဆံနွယ်တွေက အလုံးအရင်းနဲ့ ပြိုကျလာတော့သည်... ရိုင်းက shower capကိုလက်တစ်ဖက်နဲ့ ကိုင်ထားဆဲဖြစ်ပြီး နောက်လက်တစ်ဖက်နဲ့ ဝိုင့်နဖူးကိုတောက်ကာ
"စိုနေတာကို ဘာလို့မချွတ်ခဲ့တာလဲ?"
"ငါ့အခန်းထဲကဟာကို နင့်ဆီမှာထားခဲ့ရမှာလား?"
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)Onde histórias criam vida. Descubra agora