❦︎အပိုင်း-၁၃❦︎(ကြွေကျသွားတဲ့နှလုံးသား)❦︎အပိုင္း-၁၃❦︎(ေႂကြက်သြားတဲ့ႏွလုံးသား)

827 48 4
                                    

#Unicode

'မိဘရင်ခွင်သည် သားသမီးများအတွက် အလုံခြုံဆုံးရင်ခွင်တစ်ခု...'

ထိုစကားကို ဝိုင်လက်ခံပါသည်... သို့သော် လူမမယ်အရွယ်လောက်နဲ့မိဘနှစ်ဦးလုံးကိုဆုံးရှုံးခဲ့ရသော ဝိုင်နဲ့ရိုင်းအတွက် မိဘရင်ခွင်ဆိုတာ သူမတို့နဲ့ လားလားမျှမသက်ဆိုင်သော နေရာတစ်ခုပါ... တစ်ချိန်တုန်းကတော့ ဝိုင်သည်လည်း အခြားကလေးများလို ပျော်စရာကောင်းတဲ့မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးပါသည်...

ဝိုင့်မိဘတွေက တစ်ဦးနဲ့တစ်ဦးသိပ်ချစ်ကြပြီး တစ်ဦးတည်းသောသမီးလေးလည်းဖြစ် မေမေနဲ့လည်းအရမ်းတူတဲ့ဝိုင့်ကို ငုံထားမတတ်ချစ်ခဲ့ကြသည် တဲ့...

ထိုကဲ့သို့ သိပ်ကို ချစ်ခင်အားကိုးချင်စရာကောင်းသော မိဘနှစ်ပါးကို ဝိုင်ကတော့ ရေးတေးတေးလေးသာ မှတ်မိပါတော့သည်...

ရိုင်း..... ရိုင်းကတော့ ဝိုင့်ထက်ပင်ပို၍ အဖြစ်ဆိုးလှသည်... ရိုင်းအမေက ရိုင်းကိုမွေးရင်းနဲ့ဆုံးသွားခဲ့သည်... ရိုင်းတစ်နှစ်လောက်မှာ ရိုင်းအဖေက နောက်ထပ်အိမ်ထောင်ပြုလိုက်ပြီး... ရလာတဲ့မိထွေးက ပြဇာတ်ဆန်ဆန် မျက်နှာနှစ်ခုနဲ့ နှိပ်စက်အနိုင်ကျင့်တတ်တဲ့ မိထွေးမဟုတ်ခဲ့ပေမယ့် သားအရင်းလိုမျိုးတော့ ထွေးပွေ့မကြင်နာပေးနိုင်ခဲ့ပါ... ရိုင်းအဖေကတော့ ရိုင်းကိုချစ်ရှာပါတယ်... ဒါပေမယ့် ရိုင်းကိုချစ်သော ရိုင်းအဖေဟာလည်း ဝိုင့်မိဘတွေလို အရွယ်ကောင်းမှာ ကြွေလွင့်သွားခဲ့တာပါပဲ... ဝိုင့်မိဘတွေကတော့ နည်းနည်းပိုစောခဲ့တာပေါ့...

ရိုင်းအဖေဆုံးတော့ ရိုင်းမိထွေးက ရိုင်းညီလေးကို မွေးပြီးခါစအချိန်... ညီအစ်ကိုနှစ်ယောက်လုံးဟာ မိဘတွေကိုဆုံးရှုံးဖို့ကံပါခဲ့ကြပေမယ့် ရိုင်းကတော့ဆုံးရှုံးမှုပိုကြီးခဲ့သည်...

နောက်ပိုင်းမှာတော့ ရိုင်းအဖေရဲ့မိဘများက ကျန်ခဲ့တဲ့ချွေးမကို အိမ်ပေါ်မှာဆက်ထားပြီး ရိုင်းကိုသားအရင်းအဖြစ် ဆက်မွေးစေခဲ့ရာကနေ နှစ်ဖက်အဘိုးအဘွားတွေပြဿနာတက်ကြသည်... ထို့နောက်တွင်တော့ အနိုင်ရသွားခဲ့တဲ့ ဘိုးဘိုးကြီးနဲ့ဘွားဘွားကြီးက ရိုင်းကို သူတို့နဲ့အတူခေါ်လာသည့်အခါ... အိမ်နီးချင်းလည်းဖြစ် သူငယ်ချင်းအရင်းတွေလည်းဖြစ်တဲ့ လူကြီးတွေကြောင့် ဝိုင်တို့ကြားကသံယောဇဉ်တွေက ထုထည်ကြီးမားသည်ထက်ကြီးမားလာခဲ့သည်...

ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)Tempat cerita menjadi hidup. Temukan sekarang