753 40 1
#Unicode
"ငါတို့အပြင်ထွက်ကြမလား?"
"အေး...ကောင်းသားပဲ... "
"အေး... ထွက်ရအောင်... ညောင်းလာပြီ"
ဝိုင့်ဘေးတစ်ဖက်တစ်ချက်ဆီကနေ ခပ်တိုးတိုးကျိတ်ပြောလာတဲ့ သူငယ်ချင်းများ... ပြောရရင် ဝိုင်ကိုယ်တိုင်လည်း ထိုင်ရတာကြာလာတော့ မသက်မသာဖြစ်လာပြီဆိုတော့
"ထွက်ကြမလား?... ခရမ်းကတော့ ငါတို့ကိုမတွေ့ရင် ပြောနေအုံးမယ်ထင်တယ်"
"သူ့ဟာကမပြီးသေးပါဘူးဟာ.... လူကြီးတွေပြောကြဆိုကြတာနဲ့ ပြီးရင် ဧည့်သည်တွေဧည့်ခံတာနဲ့ ကြာအုံးမှာ... ထစမ်းပါဟ..."
သက်ထားက စားပွဲပေါ်က အိတ်ကိုကောက်ယူပြီး နေရာကထလိုက်တော့ ဝိုင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လိုက်ထကြသည်... လေးယောက်သား ခန်းမထဲကထွက်လာပြီးမှ သဇင်က
"ခရမ်းတစ်ယောက် တော်တော်ပျော်နေပုံပဲနော်... သူ့အပျော်နဲ့သူဆိုတော့ အခု ငါတို့ထွက်လာတာတောင် သတိထားမိမယ်မထင်ဘူး..."
ထိုအခါ ဇင်နွယ်က
"အေးပေါ့... အကုန်လုံးက သူဖြစ်ချင်တာအကုန် ဖြည့်စည်းပေးကြတာကို"
"အေးနော်... အစကတည်းက သူယောကျ်ားယူရင် အသေးအမွားကိစ္စလေးကအစ ကြီးကြီးကျယ်ကျယ်ခမ်းနားနားလုပ်ချင်တယ်ပဲပြောနေကြလေ... အခုစေ့စပ်တာတောင် သေသေချာချာလေး လုပ်နိုင်ခဲ့ပြီဆိုတော့ သူ့ဆန္ဒတစ်ဝက်တော့ပြည့်ပြီလို့ ပြောရမယ်"
"အင်း... သူ တစ်သက်လုံးပျော်ရပါစေလို့ပဲ ဆုတောင်းပေးပါတယ်ဟာ... ကဲ... လာ... လာ... ဓာတ်ပုံသွားရိုက်ကြမယ်... ငါ ဝင်လာလာချင်းတုန်းက ဓာတ်ပုံရိုက်လို့လှမယ့်နေရာတွေတွေ့ခဲ့တယ်... "
သဇင် နဲ့ ဇင်နွယ့်စကားကို သက်ထားက အဆုံးသတ်လိုက်ပြီးနောက် ဝိုင့်တို့အားလုံးလည်း သက်ထားဦးဆောင်တဲ့နောက်လိုက်လာခဲ့သည်...
ဟိုတယ်ထဲမှာရော ခြံဝင်းထဲမှာပါ နေရာအနှံ့ ပို့စ်မျိုးစုံအောင် စိတ်တိုင်းကျဓာတ်ဖမ်းပြီးနောက် lobbyမှာခဏထိုင်နားကြသည်...
"ဝိုင်!"
ခေါ်သံကြောင့် ဝိုင့်လှည့်ကြည့်လိုက်တော့ ဝိုင့်ကိုဝမ်းသာအားရပြုံးပြပြီး ဝိုင်တို့အုပ်စုထိုင်နေတဲ့ဆီလျှောက်လာတဲ့ ကိုဇာနည်...
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)Место, где живут истории. Откройте их для себя