777 44 2
#Unicode
ဝိုင် ဘေးမှာရပ်နေတဲ့ရိုင်းကို လှည့်ကြည့်လိုက်တော့ ရိုင်းက ဝိုင့်ခါးကိုတင်းကျပ်စွာဖက်ထားပြီး ကိုဇာနည်တို့ကိုကြည့်နေသည်... တွန့်ချိုးနေတဲ့ ရိုင်းမျက်ခုံးတွေကို ကြည့်ရုံနဲ့ ရိုင်းစိတ်မကြည်ဘူးဆိုတာ ဝိုင့်အတွက် သိသာ၏...
"နင် ဒီမှာဘာလာလုပ်တာလဲ?"
ရိုင်းကို အာရုံလွဲသွားစေချင်လို့မေးလိုက်တာဖြစ်ပေမယ့် ဝိုင် တကယ်သိချင်တဲ့မေးခွန်းဆိုလည်းမမှားပါ... ရိုင်းက ဝိုင့်ကိုငဲ့ကြည့်ပြီး
"မိတ်ဆွေတစ်ယောက်နဲ့လာတွေ့တာ... "
"ဘယ်ကမိတ်ဆွေလဲ?... ဒီကိုအလည်‎ရောက်နေတဲ့ နင့်မိတ်ဆွေရှိမှန်း ငါမကြားမိပါဘူး... "
ဝိုင် ပတ်ဝန်းကျင်ကိုမေ့သွားပြီး ရိုင်းကိုစစ်လားဆေးလားလုပ်မိတော့ ရိုင်းကပြုံး၍ ဝိုင့်နှဖူးကို လက်ညှိုးနဲ့တောက်ကာ
"ပါတနာ... မိတ်ဆွေမဟုတ်ဘူး... လုပ်ငန်းပါတနာ... ကျေနပ်ပြီလား?... နင်ကရော?... ဒီမှာဘာလုပ်နေတာလဲ?"
ဝိုင့်ကိုမေးပြီး ကိုဇာနည့်ဆီအကြည့်ပြန်လွဲလိုက်တဲ့ရိုင်းကြောင့် ဝိုင်လည်း အခုမှ ဘေးကသူငယ်ချင်းတွေကို သတိပြန်ရသည်... ရိုင်းအမေးကို သက်ထားကပဲ
"သက်ထားတို့က ဒီမှာDinnerလာစားတာလေ... ရိုင်းပါ ဒီလာမယ်မှန်းသိရင် ရိုင်းကိုပါ ဖိတ်တာပေါ့... ဪ... မိတ်ဆက်ပေးရအုံးမယ်... ဒါက ကိုဇာနည်... shineစာပေတိုက်ရဲ့.... "
"ရှိုင်းစာပေတိုက်ရဲ့ပိုင်ရှင်... ကျွန်တော်တို့တစ်ခါဆုံဖူးပါတယ်... "
"ဟုတ်တာပေါ့... ကျွန်တော်တို့တစ်ခါဆုံဖူးပြီးသားပါ... ညီလေးက Beatriceကပိုင်ရှင်... ဟုတ်တယ်မလား?"
"တကယ့်ပိုင်ရှင်က ဝိုင်ပါ... ကျွန်တော်က ဦးစီးပေးရုံပါ... "
"ဘာကို ဦးစီးပေးရုံလဲ?... ငါနဲ့နင် အတူတူပဲကို... Beatriceက ရိုင်းideaတွေနဲ့ဖွင့်ထားလေ... ဝိုင်တို့မိသားစုက ခြံလုပ်ငန်းတွေပဲ အဓိကလုပ်တာ... "
ရိုင်းနဲ့ကိုဇာနည် စကားပြောတာကို ဒီအတိုင်းနားထောင်နေပေမယ့် ရိုင်းက သူ့ကိုယ်သူ ခွဲခြားပြီးပြောလိုက်တာကို သဘောမကျ၍ ဝင်ပြောမိသည်...
ချစ်ခြင်းမှတစ်ပါး(ချစ်ခြင်းမှတစ်ပါး)Nơi câu chuyện tồn tại. Hãy khám phá bây giờ