"Boss ရောက်ပါပြီဗျ "
"Omm"
အရှင်ကားပေါ်ကနေ coffee ဆိုင်လေးထဲကိုလှမ်းကြည့်လိုက်သည်။ဆိုင်လေးက အတော်သပ်ရပ်ပြီး အေးချမ်းသည့်ပုံပင်။ပြင်ဆင်ထားသည်မှာလဲ အဖြူရောင်ကို အများဆုံးသုံးထားသည်ကို ကြည့်ခြင်းအားဖြင့် ဒါက သွေးရဲ့ လက်ရာဆိုတာမပြောပဲနဲ့တောင်သိနိုင်သည်။အဟွန်း သွေးကြိုက်တဲ့ အရောင်ကတော့ အခုထိမပြောင်းသေးပေ။ဒါဆို မောင့်အပေါ်ထားတဲ့ သွေးရဲ့အချစ်ကရော....။
အရှင်ဆက်ပြီး မစဉ်းစားလိုတော့ပေ။ဆိုင်က ဒီနေ့တော့ လူနည်းနည်းကျနေပုံပင်။သွေးရဲ့ အရိပ်အယောင်တောင်မတွေ့ရသေးဘူး။သွေးမှရှိရဲ့လား။သားသားကရော အခုဘယ်မှာလဲ။အိမ်မှာလား။ဆိုင်ထဲမှာလား။သူ ဆိုင်ထဲကိုအပြေးဝင်သွားချင်နေသည့်စိတ်ကို အတင်းထိန်းချုပ်နေရသည်။သူဘာလုပ်ရမလဲ။ဆိုင်ထဲဝင်သွားရမလား။သူနာရီကိုကြည့်တော့ သုံးနာရီပင်ထိုးတော့မည်။ဟူးးးးးးးးးးးးးးးးးးးးးးးး။
သတ်ပြင်းချမိတာ ဘယ်နှခါမှန်းမသိတော့ပေ။မကြာပါ...
ဆိုင်ထဲမှ သူအရမ်းတွေ့ချင်နေတဲ့ အဖြူရောင်ကောင်လေးက နာရီလေးကိုကြည့်ကာ အပြင်ကိုထွက်လာသည်။တစ်ခုခုကိုအလျင်လိုနေတဲ့ပုံပင်။ဘာလို့ပါလိမ့်။ဟင်...ဘယ်သွားမလို့လဲ။သူ့စိတ်ထဲပူလောင်လာတာကြောင့် ကားတံခါးဖွင့်ပြီး ဆင်းကာ သွေးနောက်ကာလိုက်ဖို့ပြင်လိုက်သည်။တစ်ဆက်တည်း...."အာကာ ငါ သွေးနောက်လိုက်သွားလိုက်ဦးမယ် မင်းဒီမှာပဲစောင့်နေလိုက်"
"ဟို Boss အဆင်ပြေပါ့မလား"
"ရတယ် မလိုဘူး "
သူ အာကာ့ကိုပြောပြီး သွေးနောက်ကိုမလှမ်းမကမ်းမှ လိုက်နေမိသည်။သွေး ဘယ်သွားမလို့လဲ။မောင့်ရဲ့ကလေးလေးက အရင်ကထက်ပိုပြီး ချောလာတယ် မဟုတ်သေးဘူး လှလာတယ်။Omm ဟုတ်တယ် လှတာ။သွေးက ယောက်ျားလေးဆိုပေမဲ့ ယောက်ျားပီပီသသ ချောတာမျိုးမဟုတ်နဲ့မိန်းကလေးတွေမနာလိုရလောက်အောင်လှတာ။ရယ်လိုက်ရင်ပေါ်လာတဲ့ သွားတတ်ဖွေးဖွေးလေးတွေရယ်။ ဖြောင့်စင်းပြီးရှည်လျားတဲ့ မျက်တောင်နက်နက် ခပ်စိပ်စိပ်လေးတွေရယ်။နှုတ်ခမ်းနီကူစရာမလိုတဲ့ နှုမ်းခမ်းပါးရဲရဲအိအိလေးတွေက လာပါလာပါ နမ်းပါလို့ ပြောနေသယောင်။ဖြူဖွေးနေတာမျိုးမဟုတ်ဘဲနဲ့ ဖြူပြီး ဝါဝင်းနေတဲ့ အသားရည်လေးက မိန်းကလေးတွေလို ဂရုတစိုက် Skincare နေစရာမလိုဘဲနဲ့ကို အသားရည်ရဲ့ကောင်းခြင်းနဲ့ ပြည့်စုံနေတာမျိုးလေး။အနက်ရောင် ဆံနွယ် အိအိလေးလေးတွေက အရမ်းတိုကပ်နေတာမျိုးမဟုတ်ဘဲနဲ့ အရှေ့ဘက်နဖူးပြင်လေးကို ဖုံးအုပ်ထားသလိုလေးနဲ့ အုပ်အုပ်ကလေး။ အားးးး
ဘာလေးလဲကွာ အရမ်းချစ်စရာကောင်းလာတယ် မောင့် သွေးလေးက။
YOU ARE READING
လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)
General Fictionအရာအားလုံးအတွက် မောင်တောင်းပန်ပါတယ် ခလေးရယ် မောင်မှားခဲ့တာတွေအတွက် ပြန်ပြီးပေးဆပ်ခွင့်ပြုပါ ဒီတစ်ခါ မောင့်ရဲ့ အရိပ်နဲ့ လုံခြုံစေဖို့ အာမခံပါတယ် ☀️ နေအရှင်☀️ အတိတ်ကိုလည်း နောင်တမရတော့သလို အနာဂတ်မှ...