at S.N G.p 🏢
*************S.N Company ရှေ့တွင် အနက်ရောင်ကား သုံးစီးတန်းစီရပ်လိုက်သည်နှင့်တစ်ပြိုင်နက် အစောကြီးကတည်းက အသင့်ဖြစ်နေကြသည့်သူများ သည် ပို၍သတိအနေအထားဖြင့် Company ဝင်ပေါက်သို့ အာရုံစိုက်လိုက်ကာ ကားတံခါးဖွင့်လာသည်နှင့်တစ်ပြိုင်နက် အားလုံးက
All -" မင်္ဂလာပါ Boss"
ခါးများကို 90° ကိုင်း၍ရိုကျိုးစွာ နှုတ်ဆက်လိုက်ကြသည်။တစ်ယောက်မှ ခေါင်းမော့ မကြည့်ဝံ့ပေ။သူတို့ကြားထားသည့် သတင်းများအရ Boss သည် အသက်ငယ်သော်လဲ အလုပ်လုပ်ရာတွင် တိကျပြတ်သားရုံသာမက စည်းကမ်းလဲ ကြီးသည်။သူမကြိုက်တာ လုပ်မိရင် သုံးလစာပေး၍တစ်ခါတည်းထုတ်ပစ်တတ်သည်မို့ မည်သူမျှ တုတ်တုတ်တောင်မလှုပ်ရဲကြပေ။ဝန်ထမ်းငယ်လေးတစ်ချို့ဆို အသက်ရှူအောင့်မိသည်အထိ Boss ရဲ့ အရှိန်အဝါက ဖိနှိပ်ထားသည်။
အရှင် ဝန်ထမ်းများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း သီးသန့် ဓာတ်လှေကားဘက်သို့ ဦးတည်လိုက်သည်။အာကာနှင့်ဒါရိုက်တာ ၊မန်နေဂျာချုပ်၊ ငှာနဆိုင်ရာမန်ေနဂျာများကေတာ့ သူနောက်ကနေ သီးသန့်ဓာတ်လှေကားနားအထိ လိုက်လာခဲ့ကြပေမဲ့ ဓာတ်လှေကားကို သုံးခွင့်ရှိသူမှာ အရှင်နှင့် အာကာ နှစ်ယောက်ထဲပင်။တခြားသူများကတော့ တခြားသော ဓာတ်လှေကားကိုသာ အသုံးပြုခွင့်ရှိသည်။
အရှင် ဓာတ်လှေကားထဲ ဝင်သွားမှ အကုန်လုံး အသက်ရှူနိုင်ကြသည်။ဟူးးးးကြားထားတဲ့ စကားအတိုင်းပင် Boss ရဲ့ အရှိန်အဝါက ပြင်းလွန်းသည်။အကုန်လုံး ကိုယ့်နေရာကို အလုပ်လုပ်ဖို့ ဝင်ထိုင်ရင်း အရင်နေ့တွေကထက် ပိုပြီးအလုပ်ကို ဂရုတစိုက်လုပ်ရမည်လို့ ဆုံးဖြတ်ထားကြသည်။အရင်က Boss က အဝေးကနေ အုပ်ချုပ်ပေမဲ့ အခုက မတူတော့ပေ။ပိုပြီး သတိရှိရပေမည်။တခြား ကုမ္ပဏီတွေထက် လစာပိုပေးထား သလို အမှားတစ်ခုတွေ့ရင်လဲ သုံးလစာနှင့်အထုပ်ပြင်ပဲ။S.N ကထွက်လာတဲ့ ဝန်ထမ်းဆို တခြား ကုမ္ပဏီမှာ အလုပ်ရဖို့ မခက်ပေမဲ့ လွယ်လဲမလွယ်ပေ။အထူးသဖြင့် လခ ပြီးတော့ ဒီလို Company ကြီးကနေတောင် အလုပ်ထုတ်ခံလိုက်ရတယ်ဆိုရင် ဘာပြစ်ချက်ရှိလို့လဲ ဆိုပြီး စိတ်ဝင်စားခြင်းခံရသလို မျက်နှာလည်းငယ်ရသည်။ဒါ့ကြောင့် S.N မှာ အလုပ်ဝင်လိုသူများသလို အလုပ်လဲမထွက်ခြင်ကြပေ။
YOU ARE READING
လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)
Ficción Generalအရာအားလုံးအတွက် မောင်တောင်းပန်ပါတယ် ခလေးရယ် မောင်မှားခဲ့တာတွေအတွက် ပြန်ပြီးပေးဆပ်ခွင့်ပြုပါ ဒီတစ်ခါ မောင့်ရဲ့ အရိပ်နဲ့ လုံခြုံစေဖို့ အာမခံပါတယ် ☀️ နေအရှင်☀️ အတိတ်ကိုလည်း နောင်တမရတော့သလို အနာဂတ်မှ...