'ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်🛩️✈️🛫🛬'
လေဆိပ်ထဲရှိလူအများ၏အမြင်အာရုံကို ဖမ်းစားလိုက်သော သူတစ်ဦး အရပ်က ခြောက်ပေ ကျော်ပြီး အသားဖြူဖြူ မျက်ခုံးများမှာ ထင်းနေပြီး စူးရှထက်မြတ်သည့် သိမ်းငှက်လို မျက်ဝန်းတစ်စုံနှင့် အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို စတိုင်ကျကျ ဝတ်ဆင်ထားသူတစ်ဦး..................
သူကတော့....နေအရှင်....လေယာဉ်ပေါ်က ဆင်းလာကတည်းက ဘေးနားက လူတိုင်း အေးခဲသွားစေလောက်မည့်အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပြီး ဒေါသကြောင့် စုကျုံ့ထားသည့် မျက်ခုံးတစ်စုံမှာထိကပ်လုမတတ်ပင်။သူ့ဘေးက အတွင်းရေးမှူး အာကာ မှာတော့ Boss ရဲ့ မျက်နှာကြောတင်းနေမှုကိုကြည့်ပြီး ဟိုလူတစ်စုအတွက် အမွှေးတိုင် ကြိုထွန်းပေးနေမိသည်။
"သခင်လေး " သူကတော့ အိမ်တော်ထိန်းကြီးတစ်ဖြစ်လဲ အရှင့်ရဲ့ ယုံကြည်ရသူ ဦးစိုင်း ပင်။
"ဦးစိုင်း ဘယ်လိုလဲ ဘာသတင်းကြားသေးလဲ "
"စိုးရွံ့မိပါတယ် သခင်းလေး ဦးစိုင်းတို့ အစ်ကိုလေးကို မတွေ့သေးပါဘူးဗျ "
"တောက်!!!! ဒီလူလေးတစ်ယောက်တောင် တွေ့အောင်မရှာနိုင်ကြဘူးလား အဲ့ကောင်တွေ ကိုအပြစ်ပေးရမယ် အလုပ်လုပ်တာ ပေါ့ပြက်ပြက်နဲ့ ဦးစိုင်း!!"
"ဟုတ်ကဲ့ သခင်လေး"
"အဲ့ကောင်တွေကို အမှောင်ခန်းထဲ ထည့်ထားလိုက်!"
"ဟုတ် ဟုတ် ကဲ့သခင်လေး"
*အမှောင်ခန်းတဲ့လား အမလေး အဲ့နေရာက... ငါလေးအမွှေးတိုင်ထွန်းပေးပါ့မယ်ကွာ.. *အာကာတစ်ယောက်ကြက်သီးများပင်ထသွားရသည်။
YOU ARE READING
လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)
Fiction généraleအရာအားလုံးအတွက် မောင်တောင်းပန်ပါတယ် ခလေးရယ် မောင်မှားခဲ့တာတွေအတွက် ပြန်ပြီးပေးဆပ်ခွင့်ပြုပါ ဒီတစ်ခါ မောင့်ရဲ့ အရိပ်နဲ့ လုံခြုံစေဖို့ အာမခံပါတယ် ☀️ နေအရှင်☀️ အတိတ်ကိုလည်း နောင်တမရတော့သလို အနာဂတ်မှ...