🍁အခန်း(၉)

17 2 0
                                    

သွေးပြောလိုက်သည့်စကားကြောင့် ထိုလူတွေမျက်နှာပျက်သွားသည်။တစ်ဆက်ထဲမှာပင်

"အို မင်းတို့နဲ့ တို့တွေရဲ့ အဆင့်အတန်းကိုလဲ ယှဉ်ကြည့်ပါဦး
မင်းရဲ့သားလေးက တို့သားရဲ့အရိုက်ခံရတာကိုတောင် ဂုဏ်ယူရဦးမှာ အဟွန်း"

"ဟုတ်ပ ဘယ်လိုလူတွေနဲ့တွေ့နေတာပါလိမ့်။ဒီမှာ ကျောင်းအုပ်ကြီးရှင့် ကျွန်မတို့က ဒီကျောင်းရဲ့ Share ရှင်တွေဆိုတာတော့သိမှာပေါ့နော် အဟွန်း အဲ့တော့ ဒီသားဖကို ထပ်ပြီးမမြင်ချင်တော့ဘူး ရှင်းပေးပါ"

"ဟို~~အဲ့ အဲ့ဒါကလေ.."

"အို ဟိုဟို ဒီဒီလုပ်မနေ နဲ့ ကျွန်မပြောတဲ့အတိုင်းသာလုပ်ပါ"

"ဒီမှာဗျ ကျွန်တော့်သားက ခံရတဲ့သူနော် ခင်ဗျားတို့ တရားလက်လွှတ်မပြောနဲ့ ပြီးတော့ သားသမီးကို ငယ်စဉ်ကတည်းက ဆို ဆုံးမမှုမရှိရင် ကြီးလာရင်ဘယ်လိုထိန်းမလဲမသိဘူးနော်"

"ဘာ! တောက်ခ်! အဆင့်အတန်းမရှိတဲ့ကောင်
စကားပြောတာကိုက အချိုးမပြေဘူး ငါ့သားကိုပြောစရာမလိုဘူး ဟွန်းမင်းရဲ့ အမေရှိဘဲ မွေးလာတဲ့ ပုံမှန်မဟုတ်တဲ့ သားကိုပဲ ဂရုစိုက်စမ်းပါ ကြီးလာရင် အခြောက်ကလေးမဖြစ်အောင်ပါ့ ဟင်း ဟင်း ဟင်း "

"ဟုတ်ပ အစ်မရယ် ဟား ဟား ဟား "

"ဟားဟားဟား

"တောက်ခ်! ခင် ခင်ဗျားတို့"

"ဟင့် ဖေ့ ဟင့် ဟင့် "

သွေး ထိုလူတစ်စုကိုမုန်းတီးရွံရှာစွာကြည့်လိုက်မိသည်။
ထိုစဉ်......

"ဗုန်း!!! ဘယ် သူ က များ ငါ နေ အရှင် ရဲ့ သားကို စော်ကားရဲတာလဲ"

"ဟင် "

"ဟယ် "

"ဥက္က ဥက္ကဌကြီး ဟို ဘယ် လိုက ဘယ်လို "

"အဟွန်း ဘယ်လိုပြောရမလဲ ခင်ဗျားတို့ ဇနီးတွေပြောတဲ့ အမေမရှိဘဲမွေးတဲ့ ပုံမှန်မဟုတ်တဲ့ ကလေးလေးက ကျွန်တော့်သားလေးဖြစ်နေပြီးတော့ အဆင့်အတန်းမရှိတဲ့ကောင်က ကျွန်တော့်ရဲ့ ခင်ပွန်းလေးဖြစ်နေတော့ကာ သားကိစ္စအတွက် ရောက်လာတယ်ပဲ ဆိုပါတော့ "

လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)Where stories live. Discover now