🍁အခန်း(၂)

14 5 0
                                    

အတိတ်ဆိုတာ အတိတ်မှာချန်ခဲ့တာအကောင်းဆုံးပါပဲလေ
အခုဆို သွေးဘဝမှာ သွေးရယ် သားသားရယ် အရာအားလုံးအဆင်ပြေနေခဲ့ပြီ.....

"တီ တီ!!!"

သွေးသားသားကို မူကြိုပို့ပြီး အပြန်လမ်းလျှောက်လာရင်း အတွေးလွန်နေရာ ရုတ်တရက် ကားဟွန်းတီးသံကြားလိုက်မှ သတိဝင်လာသည်။

"ဟေ့ ကောင်လေး သတိထားလေကွယ်
ဘယ့်နှယ် လမ်းလျှောက်တာ ငေးတိငေးငိုင်နဲ့ အခုခေတ်ကလေးတွေများ အားကို မရပါဘူးကြည့်ရတာ အလုပ်မရှိ အကိုင်မရှိ ၁၀၉ ၁၁၀ ရုပ်တွေကြီးပဲ ဟွန်း"

ကားပေါ်မှ စိန်ထည်တွေညွန့်နေအောင်ဝတ်ထားတဲ့ အမျိုးသမီးကြီးမှ ပွစိပွစိမြည်တွန်နေသံကြောင့် သွေး စိတ်အနှောက်အယှက်ဖြစ်သွားပေမဲ့လည်း မိမိအမှားမို့

"တောင်းပန်ပါတယ် အန်တီ "

လို့သာ အောင့်သက်သက်နဲ့ပြောပြီး ထွက်လာခဲ့လိုက်သည်။
သွေးအခုက xxxx လမ်းတွင်ဖွင့်ထားပြီးသားသားတို့မူကြိုကျောင်းလေးနဲ့ဆို မိနစ်နှစ်ဆယ်လောက်သာ လမ်းလျှောက်ရသည့် သွေးရဲ့🍰 Moon Light Coffee & Cake 🍰
ဆိုင်လေးသို့ ဦးတည်လိုက်သည်။

သွေးရဲ့ ဆိုင်လေးက အပင်ရိပ်ကလေးတွေရသည့် ခြံဝန်းကျယ်ကျယ်လေးထဲတွင် ရှိပြီးဆိုင်ပုံစံလေးက အဖြူရောင်လေးကိုသာအများဆုံးအသုံးပြုထားသည်။
ခြံဝန်းထဲတွင်လည်း စားပွဲဝိုင်းလှလှလေးများကို အပင်ရိပ်အောက်တွင် သုံးလေးဝိုင်းလောက်ထားရှိပေးထားသည်။
သွေးဆိုင်တွင် WiFi free ပေးထားသဖြင့် လူငယ်လေးများသဘောကျသလို  Cake သားလေးလည်းနူးညံ့ပြီး အရသာကောင်းသဖြင့် စားသုံးသူများနှစ်ခြိုက်ကြသည်။

Company အချို့နဲ့လည်း နီးသလို S.N ကဲ့သို နာမည်ကြီးမူကြိုလည်းရှိတာကြောင့် ဆိုင်လေးမှာ ရောင်းရသည်။ဆိုင်အတွင်းပိုင်းတွင်တော့ စားပွဲဝိုင်းများအစား ခုံတန်းရှည်ရှည်လေး တစ်ခုသာရှိသည်။ အများစုက ပါဆယ်သာယူကြတာမို့ အေးအေးလူလူ ဆိုင်ထိုင်သည့်သူက WiFi သုံးသူ ကျောင်းသားအချို့နဲ့ လုပ်ငန်းကိစ္စဆွေးနွေးသူများ အတွဲအချို့သာရှိသည်။

လရောင်လေးရဲ့မျှော်လင့်ချက်(M-preg)Where stories live. Discover now