1. Rain And Him

3.9K 315 20
                                    

1. Rain And Him

Kyung Soo တစ်​​ယောက်တည်း ​ကော်​ဖီဆိုင်​​လေးရဲ့ ပိတ်​ထား​သော ပြတင်းမှန်​မှတစ်ဆင့်​ အပြင်​​လောကကို အကဲခတ်​​နေမိသည်​။ ​ရေ​ငွေ့ရိုက်​​နေ​သော မှန်​က Kyung Soo သုတ်​ထားတာ​ကြောင့်​ အနည်းငယ်​ ကြည်​လင်​​နေသည်။ အပြင်​မှာ မိုး​ပေါက်​တို့ အရှိန်​မှန်​မှန်​ရွာကျ​နေ​ပေမဲ့ ​ကော်​ဖီအရသာလာခံသူတို့၏ စကားသံအချို့မှလွဲ တိတ်​တိတ်​​နေ​သော ဆိုင်​​လေးထဲမှာ ​နွေး​နွေး​ထွေး​ထွေး။

Kyung Soo ​ရှေ့မှာချထားတဲ့ ​ကော်ဖီခွက်​​လေးကို တစ်​ငုံ​အရသာခံ​သောက်​ရင်း အပြင်​ဘက်​မှ အထဲထဲထိစိမ့်​ဝင်​လာတဲ့ မိုးစက်​တို့၏အသံကို နား​ထောင်​​နေမိသည်​။ Kyung Soo နှုတ်​ခမ်းတို့က အလိုလိုကို ပြုံးမိ​သွားမိသလားလို့...

ကော်​ဖီခွက်​ကို ​လက်​ထဲကမချ​သေးဘဲ အပြင်​ကို အကဲခတ်​ရင်း တစ်​စုံတစ်​ရာအတွက်​ Kyung Soo တိတ်​တခိုး​လေး ကြိတ်​ဆု​တောင်းမိပြန်​သည်​။

တစ်​စုံတစ်​ရာ... တစ်​စုံတစ်​ရာဆိုတာထက်​ ပိုပြီး​တိကျရမယ်​ဆိုရင်​​တော့ သူအကြိမ်​နည်းနည်းသာ ​တွေ့မြင်​ဖူးတဲ့ နတ်​သားတစ်​​ယောက်​လို ဖြူစင်​ကြည်​လင်​တဲ့ လူတစ်​​ယောက်​ကို ပြန်​လည်​​တွေ့ဆုံရဖို့ ဆု​တောင်းမိတာ​ခြင်းပါ။

ခပ်​ပူပူမဟုတ်​​တော့ဘဲ ​နွေး​ထွေးရုံ​လောက်​သာ ရှိ​တော့သည့်​ ​ကြွေ​ကော်​ဖီခွက်​​လေးကို လက်​နှစ်​ဖက်​နှင့်​ အသာအုပ်​ကိုင်​ရင်းနဲ့မှ လွန်​ခဲ့တဲ့ ရက်​အနည်းငယ်​ဆီကို Kyung Soo ၏ အ​တွေးတို့က ပြန်​လည်​ ခရီးသွားမိ​၏။

~•~•~•~

အဲ့ဒီ့​နေ့က မှတ်​မှတ်​ရရ နှစ်​လအတွင်း ပထမဆုံး မိုး​တွေရွာ​သော​နေ့ပါပဲ။ လူ​တော်​​တော်​များများက မိုး​လေဝသသတင်းကို ကြည့်​လာလို့လားမသိ၊ ထီးကိုယ်​စီနှင့်​ မိုး​ရေထဲ လမ်း​လျှောက်​​နေကြသည်​။

ဒါ​ပေမဲ့ ကံဆိုးသူ​မောင်​ရှင် Do​​ Kyung Soo တို့က​တော့ အိမ်​ပြန်​လမ်းလယ်​ကြီး မိုးရုတ်​တရတ်​ကျတာ​ကြောင့်​ အလန့်​တကြား လွယ်​အိတ်​ကိုပိုက်​ကာ အနီးဆုံးမိုးခိုစရာ​နေရာတစ်​ခုကို အ​ဆောတလျင်​​ပြေးလိုက်ရသည်​။ လွယ်​အိတ်​ထဲမှာက သူဒီ​နေ့မှ စာကြည့်​တိုက်​မှ ​ချေးငှားလာခဲ့တဲ့ စာအုပ်​အချို့မို့ ​ရေစိုခံလို့မဖြစ်​ဘူး​လေ။

It Always Rains [KyungMyeon/SuSoo] Yaoi MYANMARWhere stories live. Discover now