6. Warmth
"Soo!"
ကျောင်းစာကြည့်တိုက်မှာ ကူညီပေးနေမိတာကြောင့် သူများတွေထက် နာရီဝက်လောက် နောက်ပြီး ကျောင်းဆင်းလာရတဲ့ Kyung Soo တစ်ယောက် Bus ကားမှတ်တိုင်ကို လျှောက်ရာလမ်းပေါ်မှာ ခြေလှမ်းတွေ တန့်သွားရသည်။ လက်ထဲက ဖိုင်အချို့ကို ရင်ခွင်ထဲကနေ လွတ်မကျအောင် သေချာပိုက်ရင်း နောက်လှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ Suho. ပုံမှန်လို တစ်ကိုယ်လုံး အဖြူပါပဲ... အဲ... ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားတာက လွဲရင်ပေါ့။ အပြုံးတွေကတော့ ချိုချိုသာသာပါပဲ။
"Hyung... ဘယ်လိုဒီကို ရောက်နေတာလဲ"
Kyung Soo မေးသင့်တယ်မဟုတ်လား၊ ပုံမှန်ဆို ကော်ဖီဆိုင်မှာပဲ တွေ့နေကျပဲကို။ ဒါမှမဟုတ်လည်း သူရောက်ပြီဆို မိုးရွာတတ်တာချည်းပဲကို။
Kyung Soo ကောင်းကင်ဆီ မော့ကြည့်မိတော့ ရယ်သံတစ်ခုက ထွက်လာသည်။ ရယ်သံနဲ့ မရှေးမနှောင်းမှာပဲ မိုးပေါက်အချို့က ခပ်ဖွဲဖွဲ အနေအထားနဲ့ ကောင်းကင်ပေါ်ကနေ ကြွေကျလာလေသည်။ Kyung Soo အိတ်ထဲကနေ ထီးထုတ်မလို့ပြင်တော့ Suho က အနားရောက်လာသည်။
"ထီးထုတ်မလို့မလား... ပေး။ စာအုပ်တွေ။"
Kyung Soo ထီးဖွင့်ကာ ဆောင်းလိုက်သည်အထိ Suho က စာအုပ်တွေကို ပိုက်ရင်း ပြုံးပြုံးကြီး ကြည့်နေတုန်း။ သူ့မျက်လုံးတွေ လက်နေပုံထောက်တော့ တော်တော်ပျော်နေပုံ။ Kyung Soo ထီးဖွင့်ပြီးတာနဲ့ သူ့လက်ထဲကနေ စာအုပ်တွေကို ပြန်ဆွဲယူလိုက်မိသည်။ ပြီးတော့ မိုးရေတွေအောက်မှာ သူတို့အတူတူ Coffee Bar ဆီ လမ်းစလျှောက်ခဲ့မိတော့သည်။
"Soo."
"ဟုတ်ကဲ့။"
တိတ်ဆိတ်နေတဲ့ Kyung Soo က ပြန်ထူးတော့ Suho က ပြုံးပြန်သည်။ တကယ်ပဲ... အဲ့ဒီ့လောက် ပြုံးနေဖို့တော့ မကောင်းဘူး ထင်ပါရဲ့။ ပြုံးလွန်းရင် နောက်ကျရင် အရေတွေတွန့်လာ... ဪ။ ဟုတ်သားပဲ။ သူက နတ်သားပဲဟာ။ အရေမတွန့်နိုင်လောက်ပါဘူး။
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Hayran Kurguမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...