3. Su... Ho?
ရှေ့ကစာသင်နေတဲ့ ဆရာက ပျင်းစရာကောင်းလောက်အောင် အသံအနိမ့်အမြင့်၊ အတက်အကျတောင် မရှိဘဲ စာကို ရှင်းပြနေတာကြောင့် Kyung Soo ပျင်းရိပျင်းတွဲ ဖြစ်နေရင်းက သန်းလိုက်သည်။ Chan Yeol ကတော့ ဘေးခုံမှာ ခေါင်းမှောက်ပြီးတောင် အိပ်ပျော်နေပြီ။
Kyung Soo ပြတင်းပေါက် အပြင်ဘက်ကို မေးထောက်ကာ ငေးကြည့်ရင်း သက်ပြင်းချမိသည်။ အပြင်က လောကကြီးက ပြာလဲ့ကာ ကြည်စင်လို့... ဒီစာသင်ခန်းသာ ကောင်းကင်ကြီးရဲ့ တစ်ဝက်လောက်ပဲ လှပမယ်ဆိုရင် တော်တော်ကောင်းမှာပါ။ အခုတော့ ဆရာကလည်း ဘာတွေသင်နေမှန်းမသိ၊ ကျောင်းသားတွေကလည်း ဆရာ့ကို ဘာတွေ အော်ဟစ်နှောင့်ယှက် နေကြလည်းမသိ။ Kyung Soo နားညည်းတယ်ဆိုတာပဲ သိသည်။
Kyung Soo သက်ပြင်းအသာချရင်း ခေါင်းကို စာချနေသော ဆရာ့ဘက်လှည့်ကာ စာအပေါ် အာရုံဝင်စားဖို့ ကြိုးစားပေမဲ့ လုံးဝမရ။ Kyung Soo ကိုယ့်ဆံပင်တွေကိုယ် ဘယ်ဘက်လက်နဲ့ ထိုးဖွကာ အပြင်ပြတင်းပေါက်ကို ငေးကြည့်လိုက်တော့ ထူးဆန်းတာတစ်ခုကို မြင်လိုက်ရ၏။
"ဟင်..."
ချက်ချင်းလိုလို အာမေဋိတ်သံ ပါးစပ်က ထွက်သွားမိသည်။ ခုနက သုံးမိနစ်လောက်ကပဲ ကောင်းကင်ကြီးက တိမ်ကင်းပြီး နေရောင်ခြည်တွေ ဖြာကျနေတာပဲလေ။ အခုတော့ အမည်းသုတ်ထားသော ဂွမ်းစိုင်တွေလို တိမ်ညိုတွေက ကောင်းကင်ပေါ်မှာ ကြီးစိုးလျက်...
အံ့ဩစရာကောင်းလိုက်တာ။
မိုးရုတ်တရတ်ကြီး ရွာချတယ်...?
'ဒါ... သူပဲလား...'
"အာ့..."
အဲ့အချိန်မှာပဲ ခေါင်းကို စာအုပ်နဲ့ ရိုက်တာခံလိုက်ရတော့ Kyung Soo ခေါင်းကိုအုပ်ကိုင် ဇက်အသာပုရင်း ဆရာ့ကို မော့ကြည့်မိသည်။
"Do Kyung Soo ကျောင်းသား။ စာကို အာရုံစိုက်ပါ။ မင်းရောပဲ... Park Chan Yeol!"
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Fanficမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...