8. It Rains
Kyung Soo မနက်အစောကြီး နိုးလာခဲ့သည်။ အိပ်ချင်မူးတူးနဲ့ အခန်းထဲကို ကြည့်မိတော့ အခန်းထဲမှာ ဘယ်သူမှ ရှိမနေ။ မျက်လုံးကို ညာလက်နဲ့ တစ်ချက်နှစ်ချက် ပွတ်ပြီး ကြည့်မိပြန်သည်။ မရှိ။ လုံးဝကို မရှိ။
Suho ပြန်သွားတာပဲ ဖြစ်မှာပါလေ။
Kyung Soo ဖြေတွေးလိုက်ရင်း ကျောင်းသွားဖို့အတွက် ပြင်ဆင်ရန် အိပ်ရာက ထလိုက်သည်။
~•~•~•~
"Annyeong Min Seok Hyung..."
Kyung Soo ဆိုင်ထဲမှာ ထိုင်ချလိုက်ပြီး ဆယ်မိနစ်အကြာတွင် ခုံနားကို ချဉ်းကပ်လာသည့် Min Seok Hyung ကို ကြည့်ရင်း ပြောလိုက်မိသည်။ Min Seok Hyung က Kyung Soo ကို နားမလည်သလိုကြည့်ရင်း တော်တော် ကြောင်သွားတဲ့ပုံ။
"ကျောင်းသားလေး... မင်းနဲ့ငါ စကားလည်း မပြောဖူးဘဲနဲ့ မင်းက ငါ့နာမည် ဘယ်လိုသိတာလဲ..."
Min Seok Hyung က အပြုံးတစ်ချက် လှစ်လာရင်း မေးတော့ ဒီတစ်ခါ ကြောင်သွားရသူက Kyung Soo.
"ဟားဟား... မနောက်ပါနဲ့ Hyung ကလည်း..."
Kyung Soo ရယ်ရင်း ပြောလိုက်ပေမဲ့ Min Seok က လိုက်မရယ်။ ခပ်ကြောင်ကြောင် မျက်ဝန်းအစုံနဲ့သာ Soo ကို စူးစူးနစ်နစ် ကြည့်နေသည်။ သူ့မျက်ဝန်းတွေက အဖြေတစ်ခုခုကို ရချင်နေသလိုလို...
Min Seok တကယ်ပဲ သူ့ကို မမှတ်မိတာ ဆိုတာကို သတိထားမိသွားချိန်မှာတော့ Kyung Soo လည်း မျက်လုံး အနည်းငယ်ပြူးရင်း Min Seok ကို ထူးဆန်းစွာ စိုက်ကြည့်မိ၏။
ကော်ဖီဆိုင်ထဲက စပ်စုတတ်သူ တချို့ကတော့ ကောင်လေးနှစ်ယောက်ဆီ ကြည့်ကာ စိတ်ထဲက ထင်မြင်ချက်အချို့ကို ပေးလျက်...
~°*°*°*°*°~
"ဟက်ဟက်... နားရှိလို့သာ ကြားရတယ် ကောင်လေးရာ... မင်းပြောတာတွေက ထူးဆန်းလိုက်တာ။"
Min Seok Hyung ရဲ့ ပုံစံက အနောက်ခံနေရတဲ့ စတိုင်နဲ့... မသိရင် Kyung Soo ကပဲ သူ့ကို လျှောက်ပြောနေတဲ့ ဒီဇိုင်း။ ထင်လည်း ထင်ချင်စရာပါပဲ။ Kyung Soo သူ့ကိုပြောနေတာက Angel တွေကို လူအဖြစ် လုပ်ယူပြောနေတဲ့ပုံ ပေါက်နေတာကိုး။ နောက်တစ်နည်းနဲ့ဆိုရင် ကလေးတစ်ယောက်က ထွင်ပြီးပြောထားတဲ့ ပုံပြင်နဲ့ တူနေတာကိုး...
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Fanfictionမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...