5. An Angel
"ဘယ်လိုကြီး... Chun Sa? အဟားဟား..."
Kyung Soo က အနေရခက်ရင်း တစ်ချက်ရယ်တော့ Suho က သူ့ကို စိုက်ကြည့်နေဆဲ။ ပြီးမှ Suho က တစ်ချက်ပြုံးသည်။
"Soo ယုံမှာမဟုတ်မှန်း ကိုယ်အစကတည်းက သိသားပဲ။ ဒါပေမဲ့ ကိုယ်လိမ်နေတာ မဟုတ်ဘူး။"
Suho က ဘောင်းဘီအိတ်တွေထဲ လက်နှစ်ဖက်ကို ထိုးထည့်ရင်း ပြုံးသည်။ တကယ်ပဲလား၊ နောက်နေတာလား ဝေခွဲမရဘဲ Kyung Soo သူ့ကို ဆက်စိုက်ကြည့်နေမိ၏။ ဒီတစ်ယောက် လူမှဟုတ်ရဲ့လား ဆိုတာမျိုး စဉ်းစားမိခဲ့ဖူးပေမဲ့ အခုလိုကြီး သူ့ကိုယ်သူ နတ်သားလို့ ပြောပြဝန်ခံတာကို ခံလိုက်ရတော့ စိတ်ထဲ နည်းနည်းထင့်နေသလိုလို အကြွင်းမဲ့ မယုံကြည်နိုင်။
"သက်သေပြလေ..."
"သက်သေ..."
Suho က လိုက်ပြောရင်း တစ်ချက် ရယ်သည်။ ပြီးတော့ ခေါင်းညိတ်သည်။
"ရတယ်လေ။ လိုက်ခဲ့..."
Suho က လက်ကို ရုတ်တရတ် ကောက်ဆွဲကာ Kyung Soo ကို အပြင်ဘက် မိုးဖွဲတွေကြားထဲ ဆွဲခေါ်သွားသည်။ ကိုယ်ပေါ်ကျလာတဲ့ မိုးပေါက်တွေက အေးတာကြောင့် လူက နည်းနည်းတွန့်သွားပေမဲ့ ခြေလှမ်းတွေကို မရပ်မိ။ Suho က Angel ရုပ်တုရှေ့ရောက်တော့ ခြေစုံရပ်လိုက်၏။
"ဘာလုပ်မလို့လဲ ခင်ဗျားက..."
Kyung Soo မေးလိုက်တော့ Suho က တစ်ချက်ပြုံးလိုက်သည်။ သူ့မျက်နှာ ကြည်ကြည်ပေါ်မှာ မိုးပေါက်တွေက ဟိုတစ်ပေါက် ဒီတစ်ပေါက်၊ Kyung Soo ကတော့ မိုးပေါက်တွေကြား နည်းနည်း အေးချင်လာသလိုလို။
"Soo မျက်လုံးမှိတ်ထား..."
"အဲ..."
"မှိတ်ပါဆို..."
Kyung Soo ခေါင်းညိတ်ရင်း သူ့အလိုကျ မျက်လုံးမှိတ်ပေးလိုက်သည်။ အဲ့ဒီ့အချိန်မှာပဲ နှုတ်ခမ်းပေါ်မှာ တစ်ချက်နွေးတွေးတွေး ဖြစ်သွားတာကြောင့် မျက်လုံးပြန်ဖွင့်ကာ Suho ကို ပြူကြည့်မိလိုက်သည်။
YOU ARE READING
It Always Rains [KyungMyeon/SuSoo] Yaoi MYANMAR
Fanfictionမိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခ...